၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကျေးလက်ဖွံ့ဖြိုးရေး - “ကျေးလက်ဌာနေ လွမ်းရိပ်မြေ၊ သာမောဖွယ်ရာ ထာကျေးရွာ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-13 20:27:14


WeChat Image_20220901095044.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ထာကယ်လားခက် (Tagelake) ကျေးရွာသည် ရှင်းကျန်းဒေသ (Xinjiang) ၊ အားခက်စူးစီရင်စု (Aksu) ၊ ဝန်းစုကောင်တီ (Wensu) ၊ ခဲခဲယာမြို့ (Kekeya) တွင် တည်ရှိပြီး ထျန်းဆန်းတောင် (Tianshan) ၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ထောမုအယ်တောင် (Tuomuer) ၏ တောင်ခြေရင်းတွင် ဖြစ်သည်။ ဤနေရာတွင် စီရရီသွယ်တန်းလျက်ရှိသော တောင်တန်းပြာကြီးများနှင့် တသွင်သွင်စီးဆင်းလျက်ရှိသော စိမ်းပြာလဲ့လဲ့ရေတို့သည် လိုက်ဖက်ညီစွာလှပနေပြီး ရှုမျှော်ခင်းမျိုးစုံတို့နှင့် ကျေးလက်လမ်းများ ချိတ်ဆက်နေသည်မှာ ဘဝရှင်သန်မှုအငွေ့အသက်များ ထုံမွှမ်းနေသည့် “ဆီဆေးပန်းချီကားချပ်” တစ်ခုပမာ အသက်ဝင်နေစေသည်။ 



၂၀၁၉ ခုနှစ်မှစ၍ ထာကယ်လားခက်ကျေးရွာသည် နှင်းတောင်များ၊ ရေခဲမြစ်များ၊ မြက်ခင်းလွင်ပြင်များ၊ သစ်တောများ၊ လျှိုမြောင်များ အစရှိသည့် ယင်း၏ အသွင်စုံလင်ကွဲပြား၍ တစ်မူထူးခြားသော သဘာဝအရင်းအမြစ်များကို ပေါင်းစပ်စုစည်း၍ ကျေးလက်ခရီးသွားလာရေးကို တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး “ကျေးလက်ဌာနေ လွမ်းရိပ်မြေ၊ သာမောဖွယ်ရာ ထာကျေးရွာ”နှင့် “ရှင်းကျန်းတောင်ပိုင်းဒေသ၏ နံပါတ်တစ်ကျေးရွာ” ဆိုသည့် ကျေးလက်ခရီးသွားလာရေးပိုင်းဆိုင်ရာတွင် အင်တာနက်ပေါ်ရေပန်းစားသော အမှတ်တံဆိပ်အဖြစ် ဖန်တီးလုပ်ဆောင်ခဲ့ပါသည်။