၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” မြစ်ဝါမြစ်ယဉ်ကျေးမှု - “ကဗျာတေးသွားအလား လှပသာယာ၊ မြစ်ဝါမြစ်စီးဆင်းရာ စီချွမ်ပြည်နယ်မှာ”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
စီချွမ်ပြည်နယ် (Sichuan) သည် မြစ်ဝါမြစ်အထက်ပိုင်းရှိ အရေးပါလှသော ရေအရင်းအမြစ် ထိန်းသိမ်းပေးရာ နေရာဖြစ်သည်။ မြစ်ဝါမြစ်သည် လော့အယ်ကိုက်ကောင်တီ (Ruo’ergai) ၊ အာဗာကောင်တီ (Ngaba) ၊ ဆုန်းဖန်းကောင်တီ (Songpan) ၊ ဟုန်ယွမ်ကောင်တီ (Hongyuan) နှင့် ရှေချွီကောင်တီ (Shiqu) ကောင်တီ (၅)နေရာကို အနောက်မှအရှေ့သို့ ဖြတ်သန်းစီးဆင်းသည်။ မြစ်ဝါမြစ်၏ မြစ်ကြောင်းအကွေ့အကောက် (၉၉)ခုအနက် ပထမဦးဆုံး အကွေ့အကောက်သည် စီချွမ်ပြည်နယ် လော့အယ်ကိုက်ကောင်တီ၏ ထန်ခက်မြို့လေး (Tangke) တွင် တည်ရှိသည်။
ဤနေရာတွင် ရေတသွင်သွင် စီးဆင်း၍ တငြိမ့်ငြိမ့် ကြည်လင်တောက်ပကာ အဆုံးအစမရှိ ကျယ်ပြောလှသော မြက်ခင်းလွင်ပြင်ကြီးကိုလည်း လှမ်းမျှော်ကြည့်ရှုနိုင်ပြီး နွားနှင့်သိုးများက မြစ်ကမ်းနံဘေး၌ အေးဆေးဖြည်းညင်းစွာ သွားလာလှုပ်ရှားနေကြသည်။ ဤမြေနေရာသည် မြစ်ဝါမြစ်၏ နှစ်ပေါင်းထောင်ချီကြာ အာဟာရဓာတ်များ သယ်ဆောင်ပေးစွမ်းမှုများအကြား တဖြည်းဖြည်း ကြွယ်ဝပြောင်းလဲလာခဲ့ပြီး တရုတ်ယဉ်ကျေးမှု၏ အခြေခံအုတ်မြစ်ကို ဖြစ်ထွန်းလာစေခဲ့သည်။