၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” မြို့ပြတည်ဆောက်ရေး - “ဟေးလုံကျန်းပြည်နယ် ဟေးဟယ်မြို့”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဟေးလုံကျန်းပြည်နယ် (Heilongjiang)ရှိ ဟေးဟယ်မြို့ (Heihe) သည် တရုတ်-ရုရှား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိပြီး ၎င်း၏ ကိုယ်ပိုင်ထူးခြားသည့် ပထဝီဝင်ဆိုင်ရာ အားသာချက်များကို အမှီပြု၍ နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်ကုန်သွယ်မှု(E-commerce)လုပ်ငန်းကို အားတက်သရော ချဲ့ထွင်ဆောင်ရွက်ကာ ပိုမိုအရည်အသွေးမြင့်သော ထုတ်ကုန်များကို နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ဟေးလုံကျန်း လွတ်လပ်သောကုန်သွယ်မှုဇုန်(Heilongjiang Pilot Free Trade Zone)ကို တည်ထောင်လိုက်ခြင်းသည် ဟေးဟယ်မြို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာမြှင့်တင်ပေးနိုင်ခဲ့သည်။
ဟေးဟယ်မြို့တွင် “သဘာဝမီးတောင်များ၏ သင်ရိုးညွှန်းတမ်း”ဟု ခေါ်ဆိုကြသော “ဝူတာ့လျန်ချီ” မီးတောင်အစုအဝေး ရှုခင်းနေရာရှိပြီး ထိုနေရာရှိ တစ်မူထူးခြားသော မီးတောင်အသွင်အပြင်များ၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်အရင်းအမြစ်များက လူအများကို စွဲလမ်းနှစ်သက်စေပါသည်။
ဟေးဟယ်မြို့သည် ပွင့်လင်းမြင်သာ၍ အများပါဝင်နိုင်ပြီး မတူကွဲပြားသော ပုံစံဖြင့် “ကမ္ဘာကြီး၏ ဟေးဟယ်” ခေါင်းစဉ်အမည်ကို အသုံးပြု၍ ကမ္ဘာနှင့်အဝန်း မျှဝေမိတ်ဆက်ပေးခြင်းဖြင့် လူအများကို ဟေးဟယ်မြို့၏ သာယာလှပသော သဘာဝဂေဟစနစ်၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအလှရသနှင့် မတူကွဲပြားသော ဓလေ့ထုံးတမ်းအလှတရားများအား တွေ့မြင်ခံစားစေမည်ဖြစ်ပါသည်။