၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ပိုးလမ်းမယဉ်ကျေးမှုခရီးသွား - “နီရှာ့ပြည်နယ်တွင် တွေ့ဆုံ‌မှု”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-11 14:54:23


WeChat Image_20220901095044.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



မြစ်ဝါမြစ်ကြောင့် စည်ပင်သာယာဝပြောလျက်ရှိသော နီရှာ့ပြည်နယ်(Ningxia)သည် မြစ်ဝါမြစ်ဝှမ်းတစ်လျှောက်ရှိ ပြည်နယ်(၉)ခုအနက် မြစ်ဝါမြစ်ဝှမ်းဒေသထဲတွင် တစ်ဒေသလုံးပါဝင်သည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။ ဤပြည်နယ်ကို ဟဲ့လန်တောင်(Helan)နှင့် လျို့ဖန်တောင်(Liupan)တို့က ဝန်းရံထားပြီး အံ့မခန်းဖွယ်လှပသော သဘာဝရှုမျှော်ခင်းများလည်းရှိသည်။



နီရှာ့ပြည်နယ်သည် ရှေးဟောင်းပိုးလမ်းမကြီး ဖြတ်သန်းရာနေရာဖြစ်ပြီး အရေးပါသော ကူးသန်းရောင်းဝယ်ရေးမြို့တစ်ခုလည်းဖြစ်သည်။ ဤပြည်နယ်အတွင်းတွင်တည်ရှိသော မဟာတံတိုင်းပေါ်ရှိ ပွန်းပဲ့ခြစ်ရာ အစင်းကြောင်းများသည် လွန်ခဲ့သောအတိတ်သမိုင်းကာလကို ဖော်ပြနေရုံသာမက ခေတ်သစ်၏ စာမျက်နှာအခန်းကဏ္ဍကိုလည်း သက်သေပြနေပါသည်။



နီရှာ့ပြည်နယ်သည် ဝိုင်အရက်ချက်လုပ်သည့် စပျစ်သီးပင်များစိုက်ပျိုးရန်အတွက် အကောင်းမွန်ဆုံးစိုက်ပျိုးမြေအဖြစ် ကမ္ဘာပေါ်တွင် အသိအမှတ်ပြုခြင်းခံထားရပြီး တရုတ်ဂိုဂျီဘယ်ရီသီး(Goji Berry)နှင့် ထန်းမျိုးစိတ်သိုး(Tan Sheep)တို့၏ ဇာတိဌာနေလည်းဖြစ်သည်။ ဤပြည်နယ်တွင် ငြိမ်သက်အေးချမ်းနေသော ကြယ်တာရာကောင်းကင်ကြီးရှိပြီး ခရီးသွားလုပ်ငန်း ရေပန်းစားရာဒေသဖြစ်ရုံသာမက စားကောင်းသောက်ဖွယ်တို့၏ အရိပ်အမြုံလည်းဖြစ်သည်။