၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” - ဖန်ဆင်းလက်ဖက်မြေ ဖူအယ်မြို့တွင်
ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဖူအယ်မြို့(Pu'er)သည် သမိုင်းကြောင်းရှည်ကြာပြီး ဇီဝမျိုးကွဲပေါင်းများစွာရှိသည်။ ရာသီဥတု သင့်တင့်မျှတပြီး ဂေဟစနစ် ကောင်းမွန်သည်။ ဤနေရာတွင် လေးနက်သော ဖူအယ်လက်ဖက်ခြောက်ယဉ်ကျေးမှု၊ ရှေးကျ၍ ဆန်းကြယ်သော ရှေးဟောင်း လက်ဖက်ရည်ကြမ်း-မြင်း လမ်းမကြီး (Tea Horse Road) ယဉ်ကျေးမှု၊ အသွင်စုံလင်သော တိုင်းရင်းသားရိုးရာယဉ်ကျေးမှု၊ လူသားနှင့် သဘာဝတရားတို့အား သဟဇာတဖြစ်စေသည့် အစိမ်းရောင်ဂေဟစနစ်ယဉ်ကျေးမှုနှင့် တစ်မူထူးခြားသော နယ်စပ်ဂိတ်ယဉ်ကျေးမှု စသဖြင့် ယဉ်ကျေးမှုများ စုံလင်စွာ ရှိပါသည်။
“ကျင်မိုက်တောင် (Jingmai) ရှေးဟောင်းလက်ဖက်သစ်တောယဉ်ကျေးမှုရှုမျှော်ခင်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်” လျှောက်ထားခြင်း၏ တိုးတက်လာမှုနှင့်အတူ ဖူအယ်မြို့၏ နာမည်ကျော်ရေပန်းစားမှု၊ ဂုဏ်သတင်းကျော်စောမှုနှင့် လွှမ်းမိုးသက်ရောက်မှုများသည်လည်း တစ်နေ့ထက်တစ်နေ့ ပို၍ တိုးလာလေသည်။
ယနေ့တွင် “ဖန်ဆင်းလက်ဖက်မြေ ဖူအယ်မြို့တွင်” ဗီဒီယိုအား အတူတကွ ကြည့်ရှုလိုက်ကြရအောင်။