၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ပိုးလမ်းမယဉ်ကျေးမှုခရီးသွား - “သာယာစုံလင် ကန်းစုပြည်နယ်တစ်ခွင်”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ကန်းစုပြည်နယ်(Gansu)သည် ပိုးလမ်းမကြီး၏ အရေးပါအရာအရောက်ဆုံးအပိုင်းတွင် တည်ရှိပြီး ကီလိုမီတာ (၁၆၀၀)ကျော် ရှည်လျားသော ရှုမျှော်ခင်းစင်္ကြံလမ်းကြီး ရှိပါသည်။ ဤပြည်နယ်တွင် မော့ကောင်းလိုဏ်ဂူ(Mogao) နံရံဆေးရေးပန်းချီများ၊ ဝေ့ကျင့်မင်းဆက်ခေတ်(Wei and Jin Dynasties) အုတ်နံရံပန်းချီများ၊ ဝူဝေးစီရင်စုမြို့(Wuwei)ရှိ နတ်မြင်းပျံပန်းပုရုပ်တု၊ အနောက်ပိုင်းရှမင်းဆက်ခေတ်(Western Xia) ရှေးဟောင်းကျောက်စာများနှင့် မိုက်ကျီတောင်ကျောက်လိုဏ်ဂူ(Maiji) ပန်းပုရုပ်တုများကဲ့သို့သော ထိပ်တန်းနိုင်ငံ့ရတနာများကို စူးစမ်းလေ့လာနိုင်ပါသည်။ ထို့အပြင် ဂိုဘီသဲကန္တာရကြီး(Gobi)၊ သစ်တောများနှင့် မြက်ခင်းလွင်ပြင်များ၊ Danxia ခေါ် ရောင်စုံသဘာဝမြေမျက်နှာသွင်ပြင်ရှိ သဲတောများ၊ လျှိုစောက်များနှင့် ထုံးကျောက်လိုဏ်ဂူများ အစရှိသည့် အမျိုးမျိုးသော သဘာဝရှုခင်းအလှတို့၏ ဆန်းကြယ်မှုနှင့် အလှတရားကိုလည်း လေ့လာခံစားနိုင်ပါသည်။ ထို့မျှမကသေးဘဲ ရိုးရာဓလေ့အငွေ့အသက်များ ထုံမွှမ်းနေမှုအကြားမှ မတူညီသော တိုင်းရင်းသားလူမျိုးစုအသီးသီးတို့၏ ယဉ်ကျေးမှုထူးခြားချက်များကို တွေ့မြင်ခံစားနိုင်ပါသည်။
ကန်းစုပြည်နယ်၏ သူမတူထူးခြားသော ယဉ်ကျေးမှုသမိုင်း၊ သဘာဝအသွင်အပြင်များအပြင် တစ်မူထူးခြားသော ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများသည် လူအများအပြားတို့၏ နှလုံးသားထဲက “ကဗျာဆန်သော အိပ်မက်လွမ်းရပ်” ဖြစ်လာခဲ့သည်။