၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကျေးလက်ဖွံ့ဖြိုးရေး - “လီချောင်ရွာ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-08 14:36:53


WeChat Image_20220901095044.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



လီချောင်ရွာ(Liqiao)သည် အန်းဟွေးပြည်နယ်(Anhui) ထုံလင်မြို့(Tongling) ယိအန်းဒေသ(Yi'an)တွင် တည်ရှိပြီး ရှေးဟောင်းကျေးလက် သဘာဝအငွေ့အသက်များ ပြည့်နှက်နေပေသည်။ ဤဒေသတွင် ပတ်ဝန်းကျင် သပ်ရပ်လှပပြီး လူသားနှင့် သဘာဝတရားတို့ သဟဇာတဖြစ်စွာ အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။



လီချောင်ရွာတွင် လယ်ကွင်းပြင်အနုပညာများဖြင့် ကျေးလက်ဖွံ့ဖြိုးရေးကို ပံ့ပိုးစွမ်းဆောင်စေပြီး ပြဇာတ်၊ တေးသီချင်း၊ ကဗျာသံစဉ်၊ စပါးစိုက်ခင်းစားတော်ပွဲ၊ စပါးစိုက်ခင်းပြဇာတ်ရုံ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အနုပညာဖန်တီးမှု၊ ကောင်းမွန်သော ဒေသခံတည်းခိုအိမ်ရာများဖြစ်အောင် ပြုပြင်မွမ်းမံခြင်း၊ ရေပေါ်ပန်းချီပြတိုက်၊ အနုပညာစာကြည့်တိုက်၊ ကန်ရေပြင်နံဘေးမှ ကော်ဖီဆိုင်၊ ဒြပ်မဲ့ယဉ်ကျေးမှုအလုပ်ရုံ၊ အနုပညာရှင်များက ၎င်းဒေသတွင် နေထိုင်ပြီး အနုပညာဖန်တီးမှုပြုလုပ်ခြင်းအစီအစဉ် အစရှိသဖြင့်တို့ ပါဝင်ပြီး အနုပညာကို ကျေးလက်နှင့် ပေါင်းစပ်ခြင်းဖြင့် နာမည်ကျော်ကြားသော ကျေးလက်ခရီးသွားလာရေးအမှတ်တံဆိပ် ဖြစ်လာစေမည် ဖြစ်သည်။



ဤနေရာတွင် ညရှုခင်းအလှရှုစားခြင်း၊ အန်းဟွေးအော်ပရာပြဇာတ်ကြည့်ရှုခြင်းနှင့် အရသာရှိသော စားဖွယ်ရာများ မြည်းစမ်းခြင်း စသည်ဖြင့် အိမ်ပြန်ရန်ကိုပင် မေ့လျော့စေသည့်အထိ ကြည်နူးမဆုံး ဖြစ်စေနိုင်ပါသည်။


WeChat Image_20220902100619.jpg