၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” မြစ်ဝါမြစ်ယဉ်ကျေးမှု - “ဆန်းရှီးပြည်နယ်ထဲမှ တရုတ်နိုင်ငံအကြောင်း”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဆန်းရှီးပြည်နယ်(Shanxi)သည် မြစ်ဝါမြစ်အလယ်ပိုင်းတွင် တည်ရှိပြီး အခိုင်အမာ ဖြစ်တည်နေသော ယဉ်ကျေးမှုအုတ်မြစ်များနှင့် သမိုင်းဝင်အမွေအနှစ်များစွာကို ပိုင်ဆိုင်ထားရှိပါသည်။ ဟူခိုရေတံခွန် (Hukou) ၊ လောင်နျိုမြစ်ကွေ့ (Laoniu) မှ မြစ်ဝါမြစ်ရေများသည် အမျိုးသားရေးစိတ်ဓာတ်အား ရှင်သန်နိုးကြားစေပါသည်။ ယန့်မန်ဂိတ်မဟာတံတိုင်း(Yanmen)သည် တောင်နှင့်မြစ်အကြားတွင် ကန့်လန့်ဖြတ်တည်ရှိနေပြီး ထိုက်ဟန်တောင်(Taihang)၏ ထည်ဝါမှုသည် ယုံကြည်ချက်များကို စုစည်းဖြစ်တည်စေပါသည်။ ယွင်ကမ်းကျောက်လိုဏ်ဂူ(Yungang)သည် အရှေ့တိုင်းအငွေ့အသက်များကို ပေါ်လွင်စေပြီး ဖျင်ယောင်းရှေးဟောင်းမြို့(Pingyao)သည် ရှေးခေတ်ဆန်းရှီးကုန်သည်များ၏ အမြှော်အမြင်ရှိမှုကို ဖော်ပြနေပေသည်။
ဆန်းရှီးပြည်နယ်တွင် လည်ပတ်ခြင်းဖြင့် မြစ်ဝါမြစ်ယဉ်ကျေးမှု၏ ဆင့်ကဲပြောင်းလဲမှု သမိုင်းဖြစ်စဉ်များကို လေ့လာသိရှိနိုင်ပါသည်။ ဆန်းရှီးပြည်နယ်သည် ရှုမျှော်ခင်းများ သာယာလှပပြီး တရုတ်ရှေးဟောင်းယဉ်ကျေးမှု အငွေ့အသက်များစွာတို့ဖြင့် တင့်တယ်လှပေသည်။