၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ - “ကွမ်တုန်းအလှ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-07 12:58:13


WeChat Image_20220901095044.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ကွမ်တုန်းပြည်နယ် (Guangdong) တွင် တစ်မူထူးခြားသော ပင်လယ်ကမ်းရိုးတန်း ခရီးသွားအရင်းအမြစ်များရှိပြီး လန်းဆန်းတက်ကြွဖွယ် နွေနေ့ရက်များရှိသကဲ့သို့ နွေးထွေးကြည်နူးဖွယ် ဆောင်းနေ့ရက်များလည်း ရှိပါသည်။ ဆောင်းရာသီရောက်ရှိတိုင်း တောင်ပိုင်းဒေသ ကွမ်တုန်းပြည်နယ်သည် နွေဦးရာသီအတိုင်းပင် ပန်းများပွင့်လန်းနေမြဲ၊ သစ်ပင်များ စိမ်းစိုနေဆဲပင်ဖြစ်သည်။ ကွမ်တုန်းပြည်နယ်သို့ လာရောက်လည်ပတ်သော နေရာဒေသအသီးသီးမှ ခရီးသွားဧည့်သည်များအား  ယင်း၏ “နွေးထွေးပျုငှာမှု”တို့ဖြင့်လည်း သာယာကြည်နူးဖွယ် ရှုခင်းအလှများအား ကြည့်ရှုခံစားစေပြီး တက်ကြွမှုအပြည့်နှင့် စီးပွားရေးမြို့တော်ကို ခံစားလေ့လာနိုင်၍ လျှာဖျားထက်က ရသာကောင်းတို့ကို မြည်းစမ်းစားသောက်နိုင်ပါသည်။ ကွမ်တုန်းပြည်နယ်တွင် လင်နန်(Lingnan)ယဥ်ကျေးမှုဟူ၍ သတ်မှတ်ခေါ်ဆိုကြသည့် တရုတ်နိုင်ငံတောင်ပိုင်းရှိ နန်လင်တောင်တန်း(Nanling) တောင်ဘက်ဒေသ၏ ရိုးရာဓလေ့ထုံးတမ်း၊  ပင်လယ်နှင့်ကုန်းမြေ ထိတွေ့သည့် ယဉ်ကျေးမှုပေါင်းစုံတို့ရှိပြီး ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဤဒေသသို့ လာရောက်လည်ပတ်လေ့လာနိုင်ရန် ဆွဲဆောင်လျက်ရှိနေပါသည်။