၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ပိုးလမ်းမယဉ်ကျေးမှုခရီးသွား - “တိဗက်နှစ်သစ်ကူးပွဲတော်”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-04 20:42:20


WeChat Image_20220901095044.jpg



ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



တိဗက်နှစ်သစ်ကူးပွဲတော်သည် တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အရေးအပါဆုံး ရိုးရာပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး တိဗက်တိုင်းရင်းသားတို့၏ လုပ်အားထုတ်လုပ်မှုများအကြားမှ ဖန်တီးဖြစ်ပေါ်လာခဲ့သော ပွဲတော်တစ်ခုဖြစ်သည်။ ၎င်းပွဲတော် အကြောင်းအရာနှင့် အသွင်သဏ္ဌာန်တို့သည် တိုင်းရင်းသားရိုးရာနှင့် ဘာသာရေးဆိုင်ရာ အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး တိဗက်ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၏ ပုံရိပ်ပင် ဖြစ်သည်။



တိဗက်နှစ်သစ်ကူးပွဲတော်၏ များပြားစုံလင်သော ရိုးရာဓလေ့ဆိုင်ရာ လှုပ်ရှားမှုများသည် ရဲရင့်ပြီး အလုပ်ကြိုးစားကြသော တိဗက်တိုင်းရင်းသားတို့၏ သာယာကောင်းမွန်သော ဘဝရရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုနှင့် လိုလားတောင့်တမှုများကို ထင်ဟပ်ဖော်ပြနေပါသည်။ ၂၀၁၁ ခုနှစ်တွင် တိဗက်နှစ်သစ်ကူးပွဲတော်ကို တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့ပါသည်။