၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” မြို့ပြတည်ဆောက်မှု - “ချန်ဒူး-ချုံချင့် မြန်နှုန်းမြင့်ရထားတွင် Food Delivery မှာယူခြင်း”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-04 19:58:28


WeChat Image_20220901095044.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



တရုတ်နိုင်ငံရှိ မြန်နှုန်းမြင့်ရထားလမ်းသည် ကီလိုမီတာပေါင်း (၃၅၀၀၀) ခရီးအကွာအဝေးကို စံချိန်တင်ခဲ့ပြီဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ မြန်နှုန်းမြင့်ရထားလမ်း ခရီးအကွာအဝေး၏ (၇၀)ရာခိုင်နှုန်း ရှိသည်။ ချန်ဒူး (Chengdu) - ချုံချင့် (Chongqing) မြန်နှုန်းမြင့်ရထားတွင် စီးနင်းလိုက်ပါ၍ တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားအကြောင်းကို လေ့လာကြည့်ကြရအောင်။ ရထားတွဲအတွင်းပိုင်းသည် သန့်ရှင်းသပ်ရပ်ပြီး သက်သောင့်သက်သာရှိသည့်အပြင် ရွေးချယ်ရန် ထိုင်ခုံအတန်းအစား (၃)မျိုး ရှိသည်။ အမြန်နှုန်းမှာ တစ်နာရီလျှင် (၃၀၀)ကီလိုမီတာနှုန်းအထိ အမြင့်ဆုံး မောင်းနှင်နိုင်သည်။ အံ့ဩဖွယ်အကောင်းဆုံးမှာ မိုလ်ဘိုင်းဖုန်းဖြင့် Food Delivery ကြိုတင်မှာယူနိုင်ပြီး ဖြတ်သန်းသွားမည့် ဘူတာတွင် မှာယူထားသော အစားအစာများကို ရထားဆီအရောက် ပို့ဆောင်ပေးနိုင်ခြင်းပင် ဖြစ်သည်။ ခရီးစဉ်တစ်ခုလုံးသည် မြန်ဆန်ချောမွေ့ပြီး ငြိမ်သည့်အပြင် အစားအသောက်ပါ ပါဝင်သောကြောင့် ခရီးသွားလာရာတွင် ဦးစားပေးရွေးချယ်မှုတစ်ခုအဖြစ် မှတ်ယူထိုက်ပေသည်။