၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ - “စီချွမ်ဒေသအစားအစာ ကျုံးဖက်ထုပ်ပြုတ်”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-03 16:55:18


WeChat Image_20220901095044.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ကျုံးဖက်ထုပ်ပြုတ် (Zhong Dumplings)သည် ယခုအခါ နှစ်ပေါင်းရာကျော် သမိုင်းသက်တမ်းရှိနေပြီဖြစ်ကာ တီထွင်သူ၏ မျိုးရိုးအမည် ကျုံး(Zhong)ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ငရုတ်ဆီအနီဖက်ထုပ်ပြုတ်နှင့် ဖက်ထုပ်ပြုတ်အချိုကို အဓိကထား လုပ်ကိုင်ရောင်းချလေ့ရှိပြီး စားသုံးသူများက ငရုတ်ဆီအနီဖက်ထုပ်ပြုတ်ကို ပိုမိုနှစ်သက်ကြပါသည်။



ဖက်ထုပ်အစာသွတ်အဖြစ် စီချွမ်(Sichuan) ဝက်နောက်ပေါင်သားကို အထူးရွေးချယ်ထားပြီး ဂျင်းရည်၊ ဟွားကျောင်းဟင်းခတ်အမွှေးအကြိုင်အထုံရည်၊ ဆား စသည်တို့နှင့် သမအောင် နယ်ထားရသည်။ ထို့နောက် အထူးဖော်စပ်ပြုလုပ်ထားသည့် ပဲငံပြာရည်၊ ငရုတ်ဆီအနီ၊ အမွှာတစ်ခုတည်းသာပါရှိသော ဝန်းကျန်း(Wenjiang) ဒေသထွက်ကြက်သွန်ဖြူအနှစ်တို့နှင့် ထပ်မံတွဲဖက်ပေးထားပါသည်။ ဖက်ထုပ်ကို လခြမ်းကွေးပုံစံထုပ်ထားပြီး ဖက်ထုပ်အပြင်ခွံအသားမှာ ပါးလွှာကာ အစာသွတ်အသား နူးညံ့ရုံသာမက လေးလေးပင်ပင်နှင့် ချိုစပ်အရသာရှိ၍ ကြက်သွန်ဖြူနံ့တသင်းသင်း မွှေးကြိုင်နေသည့် ကျုံးဖက်ထုပ်ပြုတ်ကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားပါသည်။


WeChat Image_20220902135028.jpg


ဤရိုးရှင်းသော ဖက်ထုပ်ပြုတ်တစ်ပွဲသည် နေ့စဉ်စားသောက်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ ချန်ဒူးမြို့(Chengdu)၏ ဒေသယဉ်ကျေးမှုကိုလည်း ကိုယ်စားပြုနေပါသည်။