၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” မြစ်ဝါမြစ်ယဉ်ကျေးမှု - “တရုတ်နိုင်ငံ အနောက်မြောက်ဘက်ဒေသမှ စိုက်ပျိုးမြေ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-02 14:21:55


WeChat Image_20220901095044.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



မြစ်ဝါမြစ်ရေများသည် ခွန်းလွန်တောင်(Kunlun)၏ အရှေ့မြောက်ဘက်မှ တသွင်သွင် စီးဆင်းလာပြီး ပြည်နယ် (၉)ခုကို ဖြတ်သန်းစီးဆင်းသည်။ နီရှာ့ပြည်နယ်(Ningxia)သည် မြစ်ဝါမြစ်ဝှမ်းဒေသထဲတွင် တစ်ဒေသလုံးပါဝင်သည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။ ဉာဏ်ပညာထက်မြက်သော ရှေးလူကြီးများက တောင်နှင့်မြစ်များ၏ အားသာချက်များကို အသုံးချ၍ ဤနေရာတွင် ဆည်မြောင်းလမ်းကြောင်း ပြုပြင်၍ ရေသွင်းရယူကြသည်။ ချင်ခေတ်ဆည်၊ ဟန်ခေတ်ဆည်တို့သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ဆည်မြောင်းများဖြစ်ပြီး နီရှာ့မြေပြန့်ဒေသ၏ ရေကာတာမဲ့ ရေသွင်းရယူခြင်းသမိုင်းကို စတင်ပေးခဲ့ပါသည်။ ယနေ့နီရှာ့ပြည်နယ်သည် ထုတ်ကုန်သီးနှံ ထုတ်လုပ်မှုနှုန်း မြင့်သည့် ပင်မမြေနှင့် အနောက်မြောက်ဘက် သီးနှံအထွက်လှိုင်သည့်ဒေသအဖြစ် ဖြစ်လာခဲ့ပါသည်။