၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကျေးလက်ဖွံ့ဖြိုးရေး - “ရှီးတိရွာခရီးသွားမိတ်ဆက်ဗီဒီယို”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရှီးတိရွာ(Xidi)သည် အန်းဟွေးပြည်နယ်(Anhui) ဟွမ်ဆန်းမြို့(Huangshan) ရီးကောင်တီ(Yi)တွင် တည်ရှိပါသည်။ ၎င်းရွာသည် ရေမြေတောတောင် သဘာဝအလှများ ဝန်းရံနေပြီး သာယာလှပသည်။ စိုက်ခင်းလယ်ကွင်းများ နေရာအနှံ့အပြားတွင် ပြန့်ကျဲတည်ရှိနေပြီး အေးချမ်းသာယာသော အလှကမ္ဘာငယ်လေးအလား ဖြစ်နေပါသည်။ ၂၀၂၁ ခုနှစ်တွင် အန်းဟွေးပြည်နယ်ရှိ ရှီးတိရွာသည် ပထမအသုတ် ယူနက်စကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ “အကောင်းဆုံးခရီးသွားကျေးရွာ” အဖြစ် ထည့်သွင်းရွေးချယ်ခံခဲ့ရပါသည်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံ အမျိုးသား5Aအဆင့် ခရီးသွားနယ်မြေအဖြစ်လည်းကောင်း၊ ကမ္ဘာ့အကောင်းဆုံး ခရီးသွားကျေးရွာအဖြစ်လည်းကောင်း ရပ်တည်နေသည့် ရှီးတိရွာ၏ ကျေးလက်ခရီးသွားလာရေးနှင့် စုပေါင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အဦ ပြုပြင်မွမ်းမံမှုနှင့် ကျေးလက်ယဉ်ကျေးမှု ပျိုးထောင်ထိန်းသိမ်းမှုတို့သည် ရွာသားများအား ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်များကို ရရှိခံစားစေပါသည်။