၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ပိုးလမ်းမယဉ်ကျေးမှုခရီးသွား - “သာယာလှပ ချင်းဟိုင်ဒေသ”
ဗီဒီယိုကို ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ချင်းဟိုင်ပြည်နယ် (Qinghai) သည် ယန်စီမြစ်၊ မြစ်ဝါမြစ်နှင့် လန်ချန်းမြစ် မြစ်သုံးစင်းတို့၏ အစပြုရာနေရာဖြစ်ပြီး ရေကြောင့်ပင် နာမည်ကျော်ကြားသည်။ ကမ္ဘာ့ဧရိယာအကျယ်ဝန်းဆုံးဂေဟစနစ်ရှိပြီး အာရှတိုက်၌ မြစ်ကြီးများအများဆုံးဖြစ်ထွန်းသည့် ဒေသလည်းဖြစ်သည်။ ပိုးလမ်းမကြီးသည် ချင်းဟိုင်ပြည်နယ် (Qinghai) ကို ဖြတ်သန်းသွားလာပြီး ဤဒေသတွင် နှစ်ပေါင်းထောင်ချီကြာအောင်ပင် တိုင်းရင်းသားလူမျိုးစုအသီးသီးတို့ သဟဇာတရှိစွာ နေထိုင်ကြကာ ယဉ်ကျေးမှုပေါင်းစုံတို့ စုစည်းပေါင်းစပ်ကြသည်။ ဤဒေသတွင် ယဉ်ကျေးမှုရိုးရာဓလေ့များ စုံလင်ကြွယ်ဝ၍ ဒေသအငွေ့အသက်ထူးခြားချက်များ ပေါ်လွင်ထင်ရှားသည်။ ဤဒေသတွင် တစ်မူထူးခြားသော ဆွဲဆောင်မှုအပြည့်နှင့် ခမ်းနားလှပသည့် ရှုမျှော်ခင်းများကို လေ့လာလည်ပတ်နိုင်ပြီး နှစ်သက်စွဲမက်စရာကောင်းသော သွားရည်တမြားမြားကျချင်စဖွယ် ဒေသထွက်အစားအသောက်ကောင်းများကိုလည်း မြည်းစမ်းစားသုံးနိုင်မည် ဖြစ်ပါသည်။