၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” မြို့ပြတည်ဆောက်ရေး - “ယူနန်ပြည်နယ် ထိန်ချုံးမြို့”
ဗီဒီယိုကို ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ထိန်ချုံးမြို့ (Tengchong) သည် ယူနန်ပြည်နယ်၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး သမိုင်းကြောင်းရှည်ကြာ၍ ဂေဟစနစ် သာလွန်ကောင်းမွန်ကာ ကုန်သွယ်ရေး စည်ပင်ဝပြောသော နယ်စပ်မြို့လေးတစ်မြို့ဖြစ်သည်။ ဤဒေသတွင် ကျောက်စိမ်းစီမံပြုပြင်ထုတ်လုပ်မှုသမိုင်း နှစ်ပေါင်း (၆၀၀)ကျော် သက်တမ်းရှိပြီဖြစ်ကာ တရုတ်နိုင်ငံ၏ အကြီးဆုံးတောရွာစာကြည့်တိုက်ဖြစ်သည့် ဟဲဆွေ့စာကြည့်တိုက် (Heshun) ရှိပြီး ယင်းစာကြည့်တိုက်တွင် စာအုပ်ပေါင်း (၁)သိန်းကျော် စုဆောင်းထားရှိသည်။ ယူနန်ပြည်နယ် အနောက်ပိုင်းဒေသယဉ်ကျေးမှု၏ သားရေရုပ်သေးပြဇာတ်သည် မျက်မှောက်ခေတ်ယဉ်ကျေးမှုများအကြားတွင်လည်း နေရာအဆင့်တစ်ခု ဆက်လက်ရရှိနေပြီး တရုတ်အနုပညာသည်များ၏ ထူးခြားပြောင်မြောက်သော အတတ်ပညာများကို ပုံဖော်လျက်ရှိနေပါသည်။ ရေပူစမ်း၊ ရေတိမ်ဒေသ၊ မီးတောင်အစုအဝေး ကဲ့သို့သော တစ်မူထူးခြားသည့် အရင်းအမြစ်များက နေရာဒေသအရပ်ရပ်မှ ခရီးသွားဧည့်သည်များ ဤဒေသသို့ သွားရောက်လည်ပတ်လိုစိတ်ဖြစ်အောင် ဆွဲဆောင်နေပါသည်။