ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ - ဝူးမုန်တောင်(Wumeng) ထည်ထည်ဝါဝါ၊ ကျောင်းထုံးမြို့(Zhaotong) သာသာယာယာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-24 11:58:10


ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ယူနန်ပြည်နယ်၏ ခရီးသွားအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များအား ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ မိတ်ဆက်ပေးနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် ဇူလိုင်လမှ စတင်၍ ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့် မြို့ဒေသ (၁၆)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို အပိုင်းဆက်များဖြင့် တင်ဆက်ပြသလျက် ရှိပါသည်။



ကျောင်းထုံးမြို့(Zhaotong)သည် ယူနန်ပြည်နယ်၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး တာ့ဆန်းပေါင်းအမျိုးသားဥယျာဉ် (Dashanbao) ၊ အနောက်ပိုင်းလျှိုမြောင်ရေပူစမ်း၊ ဟွမ်လျန်မြစ်(Huanglian) ရေတံခွန်အစု၊ ရှောင်ချောင်ပါ့ ဂေဟပတ်ဝန်းကျင်ခရီးသွားနယ်မြေ (Xiaocaoba) ၊ ထုံလောပါ့ သစ်တောဥယျာဉ် (Tongluoba) ၊ သဘာဝတွင်းပေါက်ကြီးများနှင့် ထုံးကျောက်လိုဏ်ဂူများ အစရှိသည့် ထူးခြားဆန်းကြယ်သော ခရီးသွားအရင်းအမြစ်များ ရှိပါသည်။ 



ကျောင်းထုံးမြို့သည် တရုတ်နိုင်ငံတောင်ပိုင်း၏ အကြီးဆုံးပန်းသီးများ ထွက်ရှိရာနေရာဖြစ်ပြီး ကျောင်းထုံးပန်းသီးသည် ပြည်တွင်းရော ပြည်ပမှာပါ နာမည်ကျော်ကြားသည်။ ကျောင်းထုံးမြို့ထွက် စပျစ်သီး၊ ဘလူးဘယ်ရီသီး အစရှိသည့် သဘာဝအစိမ်းရောင်ဂေဟစနစ်ဖြင့် စိုက်ပျိုးသော သစ်သီးအမျိုးမျိုးတို့သည် ခရီးသွားဧည့်သည်များအား မတူညီသော ချိုမြိန်အံ့အားသင့်မှုများကို ပေးစွမ်းနိုင်ပါသည်။



ကျောင်းထုံးမြို့ ယီလျန်ကောင်တီ(Yiliang)သည် “ကမ္ဘာ့ပေါ်ရှိ Gastrodia elata ပင်၏ ပင်မမြေ” ဖြစ်သည်။ ကျောင်းထုံး Gastrodia elata သည် ထူးကဲသော အရသာနှင့် အကျိုးအာနိသင်များ ရှိသောကြောင့် ခရီးသွားဧည့်သည်များအား တစ်မူထူးခြားသော ကျန်းမာရေးလိုက်စားမှုခရီးစဉ်ကို ဆောင်ကြဉ်းပေးစွမ်းနိုင်ပါသည်။



ယနေ့တွင် “ဝူးမုန်တောင် ထည်ထည်ဝါဝါ၊ ကျောင်းထုံးမြို့ သာသာယာယာ” ဗီဒီယိုကို အတူတကွ ရှုစားကြရအောင်လားရှင်။