ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှုအစီအစဉ်အား ဆက်လက်ကျင်းပခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-24 14:07:43


WeChat Image_20220729164529.jpg


“တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်၏ တတိယမြောက်ပွဲစဉ်ကို ဩဂုတ်လ (၂၁) ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ တာဝန်ခံ Ms. Xu Ling ၊ မြန်မာနိုင်ငံ မြင့်တက်ပညာရေးအသင်း၏ ဥက္ကဋ္ဌ Mr. Chen Ziting (ဦးလှအောင်) ၊ ရန်ကုန်မြင့်တက် တရုတ်ဘာသာစကားသင်တန်းကျောင်းမှ ဒု-ကျောင်းအုပ်ကြီး Ms. Yang Zuheng နှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း အဦး (၄၀) ကျော် တက်ရောက်ခဲ့ကြပါသည်။ 


WeChat Image_20220823104713.jpg


ယခုတစ်ကြိမ်ပွဲသည် တရုတ်ယဉ်ကျေးမှုဖြန့်ဝေခြင်းနှင့် တရုတ်ခရီးသွားလာရေးမြှင့်တင်ခြင်းကို အဓိက ရည်ရွယ်ပါသည်။ တရုတ်မှတ်တမ်းရုပ်ရှင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် ယဉ်ကျေးမှု အပြန်အလှန်လှုပ်ရှားမှုကဏ္ဍများမှတစ်ဆင့် တရုတ်နိုင်ငံရှိ မြို့များ၏ သွင်ပြင်လက္ခဏာများနှင့် စွဲမက်ဖွယ် ရိုးရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသရင်း တရုတ်နိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှုအနှစ်သာရများနှင့် လူသားဝါဒအကြောင်းများကို ပေါ်လွင်စွာ တင်ဆက်ထားပါသည်။ မြန်မာပြည်သူများ တရုတ်နိုင်ငံအကြောင်းကို နားလည်သိရှိပြီး မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် နားလည်မှုများ တိုးပွားရန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်မှုများ တိုးမြှင့်ရန်တို့အတွက် ပွဲအစီအစဉ်များ ကျင်းပခြင်းမှတစ်ဆင့် တရုတ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအသွင်အပြင်များကို ပုံဖော်တင်ဆက်ထားပါသည်။


WeChat Image_20220823104719.jpg


ပွဲမစတင်မီအချိန်တွင် စင်တာဘက်စုံသုံးခန်းမ (Multi-functional Hall) နှင့် ပြပွဲခန်းမတို့၌ ပြည်ပရှိ တရုတ်ယဉ်ကျေးမှုစင်တာများအကြောင်း မိတ်ဆက်ဗီဒီယို “China Cultural Center, Bridging China and the World” ၊ ယူနန်ခရီးသွားမိတ်ဆက်ဗီဒီယို  “Colorful Yunnan of China, Tourism Paradise of the World” ၊ ဖူကျန့်ခရီးသွားမိတ်ဆက်ဗီဒီယို “Come to Where Fortune Smiles, Fujian Province” စသည့် ဗီဒီယိုများကို ပြသထားပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအား ပြည်ပရှိ တရုတ်ယဉ်ကျေးမှုစင်တာများကို မိတ်ဆက်ပေးသည့် တစ်ချိန်တည်းတွင် ယူနန်ပြည်နယ် (Yunnan) နှင့် ဖူကျန့်ပြည်နယ် (Fujian) တို့၏ သဘာဝရှုမျှော်ခင်းများ၊ လူမှုဘဝပုံစံများနှင့် ရိုးရာဓလေ့များကို တင်ဆက်ပြသခဲ့ပါသည်။ ဤသို့ဖြင့် ဧည့်ပရိတ်သတ်များအား တရုတ်နိုင်ငံ၏ အလှတရား၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးတို့၏ စွဲမက်ဖွယ်ထူးခြားချက်များကို လေ့လာသိရှိစေခဲ့ပါသည်။


WeChat Image_20220823104726.jpg


မြို့တစ်မြို့သည် ယဉ်ကျေးမှုတစ်မျိုးကို ဆောင်သည်။ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” တွင် ဧည့်ပရိသတ်များသည် “China Untapped:Changsha” နှင့် “Fujian Puppetry” စသည့် ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုအနုပညာကဏ္ဍမှ ပြောင်မြောက်လှသည့် မှတ်တမ်းရုပ်ရှင် (၂)ကားကို ရှုစားခဲ့ကြပါသည်။ တောတောင်ရေမြေ ရှုခင်းအလှများမှ အဆောက်အဦ ဗိသုကာလက်ရာများအထိလည်းကောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအတတ်ပညာများမှ ရိုးရာဓလေ့များအထိလည်းကောင်း၊ မှတ်တမ်းရုပ်ရှင်သည် တရုတ်နိုင်ငံရှိ မြို့များ၏ ဝိသေသလက္ခဏာများနှင့် တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို အဓိက အခြေခံ၍  ၎င်းမြို့များ၏ စွဲမက်ဖွယ်ထူးခြားချက်များကို ဖော်ပြတင်ဆက်ထားပါသည်။ ဒြပ်မဲ့ယဉ်ကျေးမှုရိုးရာဓလေ့များတွင် ပါရှိသော သမိုင်းဝင်ယဉ်ကျေးမှုအနှစ်သာရများကို စူးစမ်းလေ့လာရင်း ဧည့်ပရိသတ်များအား ချွမ်ကျိုးမြို့(Quanzhou)၏ ယဉ်ကျေးမှုဇာစ်မြစ်နှင့် ချန်ဆားမြို့(Changsha)၏ ဖွံ့ဖြိုးတိုးတက်မှုတို့ကို လေ့လာသိရှိစေခဲ့ပါသည်။


WeChat Image_20220823104733.jpg


မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် သမိုင်းကြောင်းရှည်ကြာသော ရိုးရာအနုပညာနှင့် ထူးခြားသော ယဉ်ကျေးမှုများရှိသည်။ မြန်မာ့ရုပ်သေးပညာသည် မြန်မာနိုင်ငံ၏ အမျိုးသားရေးအနှစ်သာရ ဖြစ်ပြီး တရုတ်ရုပ်သေးပညာသည် တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သည်။ ၎င်းတို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှု ကြွယ်ဝစုံလင်မှု၏ အရေးပါသော သက်သေများပင် ဖြစ်သည်။ ယင်းမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုပြီးနောက် မြန်မာကျောင်းသားများသည် မြန်မာ-တရုတ် နှစ်နိုင်ငံ ရိုးရာယဉ်ကျေးမှုများ၏ တူညီမှုနှင့် ကွဲပြားမှုများအပေါ် စိတ်ဝင်စားမှု တိုးပွားလာပြီး ယဉ်ကျေးမှု အပြန်အလှန် နားလည်မှုများကို ပိုမိုနက်ရှိုင်းစေကာ မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနီးစပ်မှုများကို ခံစားရစေ၍ နှစ်နိုင်ငံပြည်သူများအကြား ပိုမိုနီးစပ်စေပါသည်။


WeChat Image_20220823104740.jpg


ပွဲအစီအစဉ်အတွင်း စိတ်ဝင်စားဖွယ်ကောင်းသော “ရုပ်ပုံများထဲမှ စကားပုံများ” နှင့် “သရုပ်ဖော်မယ် ခန့်မှန်းမယ်” စသည့် အဖြေမှန်ဖြေဆိုနိုင်သူများအား အမှတ်တရ ဆုလက်ဆောင်ချီးမြှင့်သည့် ဦးသူဖြေစနစ် အမေးအဖြေကဏ္ဍကိုလည်း စီစဉ်ထားပြီး မြန်မာကျောင်းသားကျောင်းသူများအား ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များမှတစ်ဆင့် တရုတ်ယဉ်ကျေးမှုများကို ပိုမိုလေ့လာသိရှိစေခဲ့ပါသည်။


WeChat Image_20220823104747.jpg


မှတ်တမ်းရုပ်ရှင်များ ကြည့်ရှုပြီးနောက်တွင် ဧည့်ပရိသတ်များက စင်တာဝန်ထမ်းတစ်ဦး၏ မိတ်ဆက်ရှင်းပြမှုနှင့်အတူ “မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း” အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို လေ့လာကြည့်ရှုခဲ့ကြပါသည်။ ဓာတ်ပုံပြပွဲကို “ခေါင်းဆောင်အရာရှိများတွေ့ဆုံမှု” ၊ “စီးပွားရေးနှင့်ကုန်သွယ်ရေး” ၊ “ယဉ်ကျေးမှုဖလှယ်မှု” ဟူ၍ အပိုင်းသုံးပိုင်း ခွဲထားပြီး ဓာတ်ပုံလက်ရာကောင်းများဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ၏ အိမ်နီးချင်းဆက်ဆံရေးကို ထင်ဟပ်ဖော်ပြထားပြီး နှစ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပြသထားကာ နှစ်နိုင်ငံပြည်သူများ၏ “ပေါက်ဖော်” ချစ်ကြည်ရေးကို  ဖော်ပြထားပါသည်။


WeChat Image_20220823104753.jpg


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ တာဝန်ခံ Ms. Xu Ling က “ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက ကျင်းပတဲ့ မှတ်တမ်းရုပ်ရှင် တင်ဆက်ပြသမှုအစီအစဉ်ဟာဆိုရင် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ China Media Group (CMG) တို့ အတူတကွ ပူးပေါင်းကျင်းပတဲ့ ပထမအကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ရုပ်ရှင်ကြည့်ရှုခြင်းမှတစ်ဆင့် မိတ်ဆွေဖွဲ့ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ဖလှယ်ဆက်ဆံမှုတိုးမြှင့်ခြင်းများ လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်ပါတယ်။ ယခုတစ်ခေါက်မှာ ရန်ကုန်မြင့်တက် တရုတ်ဘာသာစကားသင်တန်းကျောင်းမှ ဆရာဆရာမ၊ ကျောင်းသူကျောင်းသားတွေကို ဖိတ်ကြားရခြင်းကတော့ မြန်မာကျောင်းသားလူငယ်တွေကို တရုတ်နိုင်ငံအကြောင်း ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ သိရှိနားလည်စေဖို့အတွက် ပေါင်းကူးတံတားအဖြစ် ဖန်တီးပေးခြင်းဖြစ်ပြီး မြန်မာ-တရုတ် ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူ မျှဝေဖလှယ်နိုင်ရန်နဲ့ နှစ်နိုင်ငံပြည်သူများ အချင်းချင်း နှလုံးသားချင်း ပိုမိုနီးစပ်စေရန်အတွက် ကြိုးပမ်းခြင်း ဖြစ်ပါတယ်။” ဟု  ပြောကြားခဲ့ပါသည်။


WeChat Image_20220823104808.jpg


မြန်မာနိုင်ငံ မြင့်တက်ပညာရေးအသင်း၏ ဥက္ကဋ္ဌ Mr. Chen Ziting (ဦးလှအောင်) က “မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံက နယ်နိမိတ်ချင်း ထိစပ်နေပြီး စာပေယဉ်ကျေးမှုတွေ အပြန်အလှန် ဆက်စပ်နေပါသည်။ နှစ်နိုင်ငံပြည်သူ အချင်းချင်းလည်း ရင်းနှီးကြပါတယ်။ ဟိုးအရင်ကတည်းက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ ရင်းနှီးတဲ့ဆက်ဆံရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းခဲ့ကြပါတယ်။ ပေါက်ဖော်သံယောဇဉ်ဟာလည်း နှစ်ပေါင်းထောင်ချီ ကြာမြင့်တဲ့အထိတိုင် ဆက်လက် ခိုင်မြဲနေဆဲ ဖြစ်ပါတယ်။ “မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း” အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို လေ့လာရတာ ကျွန်တော် အရမ်းပီတိဖြစ်မိပါတယ်။ ” ဟု ပြောကြားခဲ့ပါသည်။


WeChat Image_20220823104814.jpg


ရန်ကုန်မြင့်တက် တရုတ်ဘာသာစကားသင်တန်းကျောင်းမှ ဒု-ကျောင်းအုပ်ကြီး Ms. Yang Zuheng က “ဒီနေ့က ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ကျောင်းရဲ့ ပထမဆုံးကျောင်းပြင်ပလှုပ်ရှားမှု ဖြစ်ပါတယ်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက ကလေးတွေအတွက် ဗဟုသုတနဲ့ ပျော်ရွှင်မှုတွေ ဖန်တီးပေးတယ်။ ကလေးတွေကို ကျောင်းသင်ရိုးစာအုပ်ပြင်ပက တရုတ်နိုင်ငံအကြောင်း မိတ်ဆက်ပေးပြီး တရုတ်ယဉ်ကျေးမှုနဲ့ ထိတွေ့ခွင့်ပိုရအောင် လုပ်ဆောင်ပေးတဲ့အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ မှတ်တမ်းရုပ်ရှင်ကြည့်ပြီး တရုတ်ယဉ်ကျေးမှုတွေကို အနီးကပ်လေ့လာခွင့်ရတဲ့ တစ်ချိန်တည်းမှာပဲ အပြန်အလှန် လှုပ်ရှားမှုအစီအစဉ်တွေက ကလေးတွေရဲ့ အတွေးအမြင်တွေကို လှုံ့ဆော်ပေးပြီး တရုတ်ယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှု ပိုတိုးပွားစေပါတယ်။” ဟု  ပြောကြားခဲ့ပါသည်။


WeChat Image_20220823104821.jpg


ကျောင်းသား မောင်ဝဏ္ဏဘုန်းက “ကျွန်တော် ‘Fujian Puppetry’ ကို ကြိုက်ပါတယ်။ အပြန်အလှန် လှုပ်ရှားမှုဂိမ်းအစီအစဉ်က အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော် မေးခွန်းအများကြီး ဖြေနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ ဒီနေ့ အရမ်းကို ပျော်ရွှင်ရပါတယ်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာရဲ့ နောက်ပိုင်းလှုပ်ရှားမှုပွဲတွေမှာ ထပ်ပြီးပါဝင်ခွင့်ရဖို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။


WeChat Image_20220823104829.jpg


“တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အစီအစဉ်အပြီးတွင် ရန်ကုန်မြင့်တက် တရုတ်ဘာသာစကားသင်တန်းကျောင်းမှ ဆရာဆရာများနှင့် ကျောင်းသူကျောင်းသားများက တရုတ်မှတ်တမ်းရုပ်ရှင် တင်ဆက်ပြသမှုအစီအစဉ်မှာ အဓိပ္ပာယ်ရှိပြီး စိတ်ဝင်စားဖွယ်ကောင်းကြောင်း၊ ဤကဲ့သို့သော အစီအစဉ်မျိုးကို မကြာခဏ ကျင်းပပေးနိုင်ရန် မျှော်လင့်ကြောင်း အသီးသီး မှတ်ချက်ပြုခဲ့ကြပါသည်။