၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ ကျဲ့ကျန်းပြည်နယ်အပိုင်း၏ ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်း ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - မဟာတူးမြောင်းကြီး (ဟန်ကျိုးအပိုင်း)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-21 13:36:51


WeChat Image_20220720101318.jpg


နှစ်ပေါင်းထောင်ချီကြာ စီးဆင်းနေသော မဟာတူးမြောင်းကြီးသည် ကျဲ့ကျန်းပြည်နယ်(Zhejiang)တွင် ပေါင်းကူးတံတားများ၊ ရှေးဟောင်းလမ်းများ၊ အထင်ကရမြို့များ၊ ရိုးရာအော်ပရာတေးပြဇာတ်များ၊ လူမှုဓလေ့ထုံးတမ်းများနှင့် ဒဏ္ဍာရီပုံပြင်များ အစရှိသည့် ခမ်းနားလှသော သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ် အများအပြားကို ထင်ကျန်စေခဲ့ပါသည်။ မဟာတူးမြောင်းကြီးသည် ကျဲ့ကျန်းပြည်နယ်၏ မြို့(၅)မြို့ကို ဖြတ်သန်းစီးဆင်းပြီး တူးမြောင်းတစ်လျှောက်၌ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ အရင်းအမြစ်များနှင့် သမိုင်းဝင်အမွေအနှစ်များ ပေါကြွယ်ဝသည်။ ဤသို့ဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးတို့ ပါဝင်ပေါင်းစည်း သွယ်တန်းထားသော ရေလမ်းကြောင်းအသစ်တစ်ခုအဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပါသည်။



ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်း (ဟန်ကျိုးအပိုင်း)၏ ကမ်းနှစ်ဖက်တွင် သဘာဝဂေဟပတ်ဝန်းကျင် ရှုမျှော်ခင်းများကို အဓိကမဏ္ဍိုင်အဖြစ်လည်းကောင်း၊ ရှေးဟောင်းသမိုင်းဝင်နယ်မြေ၊ ယဉ်ကျေးမှုဥယျာဉ်၊ ပြတိုက်များ၊ ဘုရားကျောင်းနှင့် သီလရှင်ကျောင်းများ၊ ရှေးဟောင်းအမွေအနှစ်များကို အရေးပါသော ဆုံမှတ်အဖြစ်လည်းကောင်း ထားရှိသည့် ယဉ်ကျေးမှုအပန်းဖြေစင်္ကြံလမ်းနှင့် အကောင်းမွန်ဆုံး ရေလမ်းခရီးသွားလာမှု ခရီးစဉ်လမ်းကြောင်းတို့ ဖြစ်ပေါ်လာခဲ့ပါသည်။



ပေကျင်း-ဟန်ကျိုး မဟာတူးမြောင်း၏ ရေလမ်းကြောင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၂၂ခုနှစ် မေလအကုန်ပိုင်းတွင် အပြီးသတ် ဆောင်ရွက်ပြီးစီးခဲ့ပြီး ပေကျင်း-ဟန်ကျိုး မဟာတူးမြောင်း (ဟန်ကျိုးအပိုင်း)၏ ကမ်းနှစ်ဖက်ရှိ ဖုန့်ချီလမ်း (Fengqi) မှ ရှီရှန်လမ်း (Shixiang) အထိ ကီလိုမီတာ (၃၀)ကျော် ရှည်လျားသော အစိမ်းရောင်လမ်းကို တစ်လမ်းလုံးပေါက်အောင် အကောင်အထည်ဖော်နိုင်ခဲ့ကာ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ ကျင်းပမည့်နေ့ရက်ကို လုံးဝအသွင်သစ်ဖြင့် စောင့်မျှော်ကြိုဆိုလျက်ရှိသည်။



ပေကျင်း-ဟန်ကျိုး မဟာတူးမြောင်း (ဟန်ကျိုးအပိုင်း)သည် ဝူယွဲ့ယဉ်ကျေးမှု(Wuyue)နှင့် စုန့်ခေတ်ယဉ်ကျေးမှုတို့ကို ဖော်ညွှန်းပြသနေပြီး တရုတ်ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှု၊ ပေါင်းစည်းမှုနှင့် ဆွဲဆောင်မှုတို့ကို ဖော်ပြသည့် အရေးပါသော ပြတင်းပေါက်တစ်ချပ်ပင် ဖြစ်သည်။