ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” - ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ဆောင်ချက်နှင့် ကပ်ရောဂါတိုက်ဖျက်ရေးဆောင်ရွက်ချက်များမှ “တရုတ်နိုင်ငံ၏ စီမံအုပ်ချုပ်မှု”ကို လေ့လာကြည့်ရှုခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-20 20:37:59


WeChat Image_20220819172830.jpg


တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာများကို အခြေခံထားသည့် ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်အား ဩဂုတ်လ (၄)ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ စတင်ကျင်းပခဲ့ရာ ပွဲစဉ် (၂)ခု အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ပြီး ပါဝင်တက်ရောက်သူတို့၏ နှစ်သက်အားပေးမှုများကို ရရှိခဲ့ပါသည်။ 


ယင်းတင်ဆက်ပြသမှုအစီအစဉ်သည် မြန်မာပြည်သူများအတွက် တရုတ်နိုင်ငံအကြောင်းကို သိရှိနားလည်စေပြီး တရုတ်ယဉ်ကျေးမှုကို ခံစားသိရှိစေနိုင်သော ပလက်ဖောင်းတစ်ခုပင်ဖြစ်သည်။ ရည်ရွယ်ချက်မှာ ရုပ်ရှင်ပြသခြင်းနှင့် ယဉ်ကျေးမှုအပြန်အလှန်လှုပ်ရှားမှု ကဏ္ဍ(၂)ခုမှတစ်ဆင့် ဒေသခံပြည်သူများအား တရုတ်ယဉ်ကျေးမှုကို ပိုမိုနားလည်သိရှိပြီး လေ့လာခံစားနိုင်ကာ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အပြန်အလှန် ဖလှယ်ဆက်ဆံရေးနှင့် လေ့လာသင်ယူမှုများ တိုးပွားစေရန် ဖြစ်ပါသည်။ ယခုလက်ရှိတွင်  မှတ်တမ်းရုပ်ရှင်အချို့ကို ဤတင်ဆက်ပြသမှုအစီအစဉ်တွင် ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါသည်။


ယခုတစ်ပတ်တွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးကဏ္ဍမှ မှတ်တမ်းရုပ်ရှင်များကို မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ယင်းရုပ်ရှင်များမှတစ်ဆင့် တရုတ်လူမျိုးတို့၏ စည်းလုံးညီညွတ်မှု၊ အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်သည့် စိတ်ဓာတ်နှင့်အင်အားကို မြင်တွေ့ခံစားစေမည် ဖြစ်ပါသည်။


ဆင်းရဲနွမ်းပါးမှုပပျောက်ရေးသည် ခေတ်၏သမိုင်းပေးတာဝန်ဖြစ်ပြီး ကပ်ရောဂါတိုက်ဖျက်ရေးသည် အထူးစမ်းသပ်မှုတစ်ခုဖြစ်သည်။ ၎င်းတို့သည် နိုင်ငံတစ်နိုင်ငံရဲ့ စီမံအုပ်ချုပ်ရေးစနစ်နဲ့ စီမံအုပ်ချုပ်မှုစွမ်းရည်အပေါ် စမ်းသပ်မှုကြီးတစ်ခုပင် ဖြစ်ပါသည်။ ယင်းမှတ်တမ်းရုပ်ရှင်များတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး အင်တိုက်အားတိုက်ဆောင်ရွက်မှု အကြောင်းအရာများကို တင်ဆက်ထားပြီး ထိုမှတစ်ဆင့် တိုင်းပြည်၏ စည်းလုံးညီညွတ်စွာ ကြိုးစားရုန်းကန်နေမှုနှင့်  ပြည်သူပြည်သားများ၏ ကြိုးပမ်းအားထုတ်မှု၊ ယုံကြည်ချက်အပြည့်ရှိမှုများကို တွေ့မြင်နိုင်၍ “တရုတ်စိတ်ဓာတ်”ကို ထင်ဟပ်စေကာ “တရုတ်နိုင်ငံ၏ စီမံအုပ်ချုပ်မှု” သာလွန်ကောင်းမွန်မှုတို့ကို ထင်ရှားစွာ တင်ဆက်ပြသထားပါသည်။


(Voices from the Frontline: China’s War on Poverty)


“Voices from the Frontline: China’s War on Poverty” သည် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကို အနောက်နိုင်ငံသားတစ်ဦး၏ ရှုထောင့်အမြင်ဖြင့် ရိုက်ကူးထားသည့် ပထမဆုံး မှတ်တမ်းရုပ်ရှင်တစ်ကားဖြစ်သည်။ ယင်းရုပ်ရှင်တွင် အစီအစဉ်တင်ဆက်သူ Kuhn ၏ ကိုယ်တွေ့အမြင်ဖြင့် တင်ဆက်ထားပြီး လယ်ယာတောမြေများအတွင်း သွားရောက်၍ ဆင်းရဲနွမ်းပါးသော မိသားစုများထံ အနီးကပ်သွားရောက်လေ့လာကာ စာပေလေ့လာသင်ယူခြင်းမှ ဘဝကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့သော ကန်းစုပြည်နယ် (Gansu) က မိန်းကလေး၊ ကုလားအုတ် မွေးမြူရေးမှ ဆင်းရဲမှုလွတ်မြောက်ခဲ့သော ကာဇတ်တိုင်းရင်းသား (Kazak) နွားကျောင်းသား၊ ဆင်းရဲချို့တဲ့မှု ကင်းဝေးစေရန် တောင်နက်ထဲကြီးမှ အခြားသို့ ပြောင်းရွှေ့နေထိုင်ခဲ့သော ကွေ့ကျိုး (Guizhou) ဒေသက သက်ကြီးရွယ်အို အစရှိသည့် သာမန်ပြည်သူများ၏ အကြောင်းအရာတို့ကို  ဖော်ပြတင်ဆက်ထားသည်။ ယင်းဇာတ်လမ်းအကြောင်းအရာများမှ “သက်ဆိုင်ရာအခြေအနေအလိုက် မှန်ကန်ထိရောက်စွာ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးကို လုပ်ဆောင်ပြီး မှန်ကန်ထိရောက်စွာ ဆင်းရဲနွမ်းပါးမှုပပျောက်စေရေး”နှင့် “ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ဆောင်ချက် အသုတ်(၅)သုတ်” (Five-pronged poverty alleviationn) အစရှိသော တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ဆောင်ရွက်ချက်သဘောတရားများကို ပြည်ပပရိသတ်များအတွက် တင်ဆက်ထားပါသည်။


WeChat Image_20220819172830.jpg


(Racing Against the Coronavirus)


“Racing Against the Coronavirus” သည် တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး သုတေသနပြုတီထွင်စမ်းသပ်မှု၊ ထုတ်လုပ်မှု၊ သိုလှောင်မှု၊ သယ်ယူပို့ဆောင်မှု၊ ကာကွယ်ဆေးထိုးခြင်းနှင့် နိုင်ငံတကာအပေါ်ထောက်ပံ့မှုတို့ကို ပြသထားသည့် မြင်ကွင်းကျယ်မှတ်တမ်းရုပ်ရှင်ဖြစ်ကာ တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ဖြစ်ထွန်းရရှိလာမှုနောက်ကွယ်ရှိ လူသိနည်းသော အကြောင်းအရာများကို သက်ဝင်လှုပ်ရှားစွာ ပြသထားသည်။ ရိုက်ကူးထုတ်လုပ်ရေးအဖွဲ့သည် လက်တွေ့မှတ်တမ်းရိုက်ကူးခြင်း၊ တွေ့ဆုံမေးမြန်းခြင်း၊ ဗီဒီယိုအကြောင်းအရာများနှင့် သတင်းထူးအချက်အလက်များကို ပေါင်းစပ်ထားသည့်ပုံစံဖြင့် တရုတ်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေးဝန်ထမ်းများက ယင်းတို့၏ ကြိုးစားအားထုတ်မှုနှင့် အသိဉာဏ်ပညာတို့ကို အသုံးချကာ “ခုခံကာကွယ်ရေးမဟာတံတိုင်းကြီး” (Great Wall of immunity) ကို မည်ကဲ့သို့တည်ဆောက်ခဲ့ရကြောင်း ပြန်လည်ပြသတင်ဆက်ရင်း တရုတ်နိုင်ငံ၏ တစ်မျိုးသားလုံးပါဝင်မှုစနစ်က COVID-19  ကာကွယ်ဆေး၏ သုတေသနပြုတီထွင်စမ်းသပ်မှုနှင့် ထုတ်လုပ်မှုကို မည်ကဲ့သို့အာမခံချက်ရှိစေပုံများကို စစ်မှန်ပေါ်လွင်စွာ တင်ဆက်ပြသထားပါသည်။


WeChat Image_20220819172833.jpg


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှု အစီအစဉ်များစွာကို ထပ်မံကျင်းပသွားမည်ဖြစ်ရာ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ Facebook စာမျက်နှာ “Chinese Culture Center Yangon” ၊ WeChat Official Account “cccyangon (仰光中国文化中心)” နှင့် တရုတ်-မြန်မာ နှစ်ဘာသာ ပါဝင်သော စင်တာ၏ Official Website (https://www.yangonchinaculture.org.mm/)  သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။


WeChat Image_20220715151451.jpg