၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ ကျဲ့ကျန်းပြည်နယ်အပိုင်း၏ ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်း ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - မဟာတူးမြောင်းတစ်လျှောက် လျှောက်လှမ်းကာ ပင်လယ်ပြင်ကိုရှုစားကြမယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-20 19:34:55


WeChat Image_20220720101318.jpg



နှစ်ပေါင်းထောင်ချီကြာ စီးဆင်းနေသော မဟာတူးမြောင်းကြီးသည် ကျဲ့ကျန်းပြည်နယ်(Zhejiang)တွင် ပေါင်းကူးတံတားများ၊ ရှေးဟောင်းလမ်းများ၊ အထင်ကရမြို့များ၊ ရိုးရာအော်ပရာတေးပြဇာတ်များ၊ လူမှုဓလေ့ထုံးတမ်းများနှင့် ဒဏ္ဍာရီပုံပြင်များ အစရှိသည့် ခမ်းနားလှသော သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ် အများအပြားကို ထင်ကျန်စေခဲ့ပါသည်။ မဟာတူးမြောင်းကြီးသည် ကျဲ့ကျန်းပြည်နယ်၏ မြို့(၅)မြို့ကို ဖြတ်သန်းစီးဆင်းပြီး တူးမြောင်းတစ်လျှောက်၌ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ အရင်းအမြစ်များနှင့် သမိုင်းဝင်အမွေအနှစ်များ ပေါကြွယ်ဝသည်။ ဤသို့ဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးတို့ ပါဝင်ပေါင်းစည်း သွယ်တန်းထားသော ရေလမ်းကြောင်းအသစ်တစ်ခုအဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပါသည်။



နင်ပေါ်မြို့(Ningbo)သည် မဟာတူးမြောင်းကြီး၏ တောင်ဘက်စွန်းပိုင်း ဖြစ်သည့်အလျောက် မဟာတူးမြောင်းကြီးနှင့် ကျယ်ပြောလှသော ပင်လယ်ကြီးတို့ ထိစပ်နေသောနေရာတွင် တည်ရှိသည်။ ယင်းသည် “ပင်လယ်ရေကြောင်းပိုးလမ်းမကြီး”၏ အစပြုရာနေရာဖြစ်သည့်အပြင် အရှေ့ဘက်ရှိ စတင်ထွက်ခွာရာ ဆိပ်ကမ်းမြို့လည်းဖြစ်ကာ မဟာတူးမြောင်းကြီးပေါ်ရှိ ထွန်းလင်းတောက်ပသော တုနှိုင်းမဲ့ပုလဲတစ်လုံးသဖွယ် သမိုင်းတစ်လျှောက်လုံး လင်းလက်နေပါသည်။ နင်ပေါ်မြို့သည် ပထဝီဝင်အနေအထားအရ တရုတ်နိုင်ငံ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့ကို ဆက်သွယ်ပေးရုံသာမက ယဉ်ကျေးမှုပိုင်းတွင်လည်း အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများအပေါ် လွှမ်းမိုးသက်ရောက်မှုရှိစေသည်။ ယင်းမြို့သည် နှစ်ပေါင်းထောင်ချီ ရှည်ကြာသောသမိုင်းကြောင်းကို ဖြတ်သန်းပြီး ကမ္ဘာ့အဆင့် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် “မဟာတူးမြောင်းကြီး”နှင့် “ပင်လယ်ရေကြောင်းပိုးလမ်းမကြီး” နှစ်ခုတို့၏ ကြည်နူးနှစ်သက်ဖွယ်ရာ ဆုံစည်းမှုတို့ကို သက်သေပြနေပါသည်။



နင်ပေါ်မြို့တွင် “မြင်မြင်လေသမျှနေရာတိုင်းမှာ ရှုမျှော်ခင်းအလှအပများဖြစ်ပြီး တွေ့မိသမျှကလည်း စားကောင်းသောက်ဖွယ်များနှင့် ပြည့်နှက်နေပါသည်။” တူးမြောင်းတစ်လျှောက် လျှောက်လှမ်းကာ ပင်လယ်ပြင်ကို ရှုစားကြရင်း ပင်လယ်ကမ်းခြေခရီးစဉ်၊ ဝတ်ပြုဆုတောင်းခရီးစဉ်နှင့် ကဗျာခရီးစဉ်များအကြားတွင် နင်ပေါ်မြို့၏ ပင်လယ်ရေကြောင်းပိုးလမ်းမကြီးယဉ်ကျေးမှု၊ ပင်လယ်အော်ရှုခင်းအလှ၊ ပင်လယ်ထဲက ဗုဒ္ဓနယ်မြေကျွန်းနှင့် ပင်လယ်စာများ လတ်ဆတ်အရသာရှိမှုတို့၏ ဒေသဟန်ပန် ဓလေ့စရိုက် အစုံအလင်ကို လေ့လာခံစားကြည့်ကြရအောင်လားရှင့်။