၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ အန်းဟွေးပြည်နယ် ဆစ်ကောင်တီ မဟာတူးမြောင်းကြီးနှင့် စွေထန်မင်းဆက်ခေတ် မဟာတူးမြောင်းပြတိုက် ဓာတ်ပုံပြပွဲ

ဆစ်ကောင်တီ(Si) စွေထန်မင်းဆက်ခေတ် မဟာတူးမြောင်းပြတိုက်သည် မဟာတူးမြောင်းကို အဓိက အကြောင်းအရာအဖြစ် ထားရှိပါသည်။ ပြတိုက်ကို အပေါ်ထပ်နှင့်အောက်ထပ် နှစ်လွှာခွဲထားပြီး အဖြူရောင်နံရံ၊ အနက်ရောင်အုတ်ကျွတ်ပြားအမိုးနှင့် တံစက်မြိတ်တစ်ထပ်တည်းရှိသော မြင်းမိုရ်ပိတ်လျှောစောက်ခေါင်မိုးတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထား၍ အဆောက်အဦတစ်ခုလုံး၏ ဗိသုကာဒီဇိုင်းမှာ စွေထန်မင်းဆက်ခေတ်ပုံစံ ဖြစ်သည်။ အတွင်းပိုင်းတွင် “စွေထန်မင်းဆက်ခေတ်မူဟန်” ၊ “လူလုပ်မြစ်ချောင်း” ၊ “ရေကြောင်းလမ်းဖွံ့ဖြိုးမှု” ၊ “တောင်မြောက်ရှေးဟောင်းအငွေ့အသက်” နှင့် “တစ်ဖန်မဟာတူးမြောင်း” ဟူ၍ ပြခန်း(၅)ခန်း ဖွဲ့စည်းထားပြီး ရှေးဟောင်းမဟာတူးမြောင်း ယဉ်ကျေးမှုအမွေအနှစ် အများအပြားကို ပြသထားကာ ရှေးဟောင်းဆစ်ကျိုးဒေသ(Sizhou)၏ ကြွယ်ဝနက်ရှိုင်း၍ ခမ်းနားထည်ဝါသော သမိုင်းဝင်ယဉ်ကျေးမှု ဖွဲ့စည်းဖြစ်တည်မှုကိုလည်း ပေါ်လွင်စေပါသည်။

Sui-Tang Grand Canal Museum in Sixian county, Suzhou

Qingshuiwan Park along the Sui-Tang Grand Canal in Sixian, Suzhou

Excavated cultural relics in Suzhou section of Sui-Tang Grand Canal

Excavated cultural relics in the Grand Canal site in Suzhou

Sixian, a canal county in Suzhou
စွေထန်မင်းဆက်ခေတ် မဟာတူးမြောင်းပြတိုက်ကို ၁၉၇၆ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၎င်းပြတိုက်သည် တရုတ်ဧက “မူ (亩 mu)” (၄၀)ကျော် (亩 mu = တရုတ်မြေအတိုင်းအတာယူနစ်၊ ၆၆၆.၆၆၇ စတုရန်းမီတာဝန်းကျင်နှင့် ညီမျှသည်) ကျယ်ဝန်းသည့် ဒေသဆိုင်ရာ အထွေထွေပြတိုက် ဖြစ်သည်။ ပြတိုက်အတွင်းတွင် သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ အရေအတွက် သောင်းချီ၍ စုဆောင်းသိမ်းဆည်းထားပြီး မဟာတူးမြောင်း၏ ရှေးဟောင်းအငွေ့အသက်များရှိသော ပြခန်းပါဝင်ပါသည်။ နစ်မြုပ်ခဲ့သော ထန်မင်းဆက်ခေတ်သင်္ဘောနှင့် စွေထန်မင်းဆက်ခေတ် မဟာတူးမြောင်း၏ ဟွိုင်ပေမြို့(Huaibei) လျိုဇင်း(Liuzi) ရှေးဟောင်းအမွေအနှစ်နေရာမှ တူးဖော်ရရှိခဲ့သော သမိုင်းဝင်အမွေအနှစ်များကို ပြသထားပါသည်။ လျိုဇင်းရှေးဟောင်းအမွေအနှစ်နေရာကို မူလပုံစံအတိုင်း ပြန်လည်ပြုလုပ်ထား၍ ကြည့်ရှုသူများအနေဖြင့် သမိုင်းဝင်အမွေအနှစ်များကို တူးဖော်တွေ့ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ်နေရာများသို့ ကိုယ်တိုင်ရောက်ရှိသွားသကဲ့သို့ ခံစားရမည် ဖြစ်ပါသည်။

Sui-Tang Grand Canal Museum

Liuzi site of the Sui-Tang Grand Canal

Commercial shipwreck of Tang Dynasty in the Sui-Tang Grand Canal Museum

black gazed teacup excavated in Sui-Tang Grand Canal site in Fengshan Road, Lingbi

Bridge in Liuzi site of the Sui-Tang Grand Canal

Green-and-yellow gazed teapot excavated in Sui-Tang Grand Canal site in Fengshan Road, Lingbi

Three-colored Xun (an ancient egg-shaped, holed wind instrument) excavated in Sui-Tang Grand Canal site in Fengshan Road, Lingbi

Pier relics in Liuzi site (Suixi) of the Sui-Tang Grand Canal

