၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “နှစ်ပေါင်းထောင်ချီကြာရှည် မဟာတူးမြောင်းခရီးစဉ်” ဆန်းတုန်းပြည်နယ် ဗီဒီယိုအတို တင်ဆက်မှုကဏ္ဍ - ယဉ်ကျေးမှုမြို့တော် ကျီနင်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-18 16:46:25


WeChat Image_20220720101318.jpg



ကျီနင်မြို့ (Jining) သည် “ကွန်ဖြူးရှပ် (Confucius) နှင့် မင်စီးယပ်စ် (Mencius) တို့၏ ဇာတိဌာနေ၊ တူးမြောင်း၏ မြို့တော်” ဟူ၍ နာမည်ကျော်ကြားကာ ကွန်ဖြူးရှပ်ဝါဒယဉ်ကျေးမှု၏ အစပြုရာနေရာနှင့် တရုတ်ယဉ်ကျေးမှု၏ အရေးပါသော အစပြုရာဒေသဖြစ်သည်။ အရှေ့ဘက်တွင် တောတောင်ရေမြေ သဘာဝအလှ၊ အနောက်ဘက်တွင် ပြန့်ပြူး၍ မြေဆီမြေနှစ်ကြွယ်ဝကောင်းမွန်သော စိုက်ပျိုးမြေ၊ တောင်ဘက်တွင် ဝေဟူ(Weihu) ကန်ရေတသွင်သွင်နှင့် အလယ်ပိုင်းတွင် တူးမြောင်းစီးဆင်းမှုများ ရှိပါသည်။ ကွန်ဖြူးရှပ် (Confucius) နှင့် မင်စီးယပ်စ် (Mencius) တို့၏ ယဉ်ကျေးမှု၊ ရှေးဘိုးဘေးယဉ်ကျေးမှု၊ တူးမြောင်းယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုတို့၏ အပြန်အလှန် အကျိုးသက်ရောက်နေမှုများကိုလည်း တွေ့မြင်နိုင်သည်။



ကျီနင်မြို့သို့ လာရောက်ပြီး ကွန်ဖြူးရှပ်နှင့် မင်စီးယပ်စ်တို့၏ အိမ်တော်အဆောက်အဦကို လှမ်းလျှောက်ဝင်ရောက်ကာ ကွန်ဖြူးရှပ်အတွေးအခေါ်ဝါဒ၏ ဇာစ်မြစ်အကြောင်းအရာကို စူးစမ်းလေ့လာနိုင်သည်။ တူးမြောင်းရှေးဟောင်းလမ်းလေးပေါ်တွင် လှေစီးသွားလာရင်း အမှတ်တရများကို ရှာဖွေလေ့လာနိုင်သည်။ ကျွန်းပေါ်ရှိဧည့်ဂေဟာနှင့် တူးမြောင်းယဉ်ကျေးမှုပုံစံဟိုတယ်များတွင် တည်းခိုနေထိုင်၍ တရုတ်နိုင်ငံမြောက်ပိုင်းတံငါသည်တို့၏ ရိုးရာဓလေ့များကို ထိတွေ့ခံစားနိုင်သည်။ တူးမြောင်းအတွင်းကျင်းပသော စားပွဲ၊ ဝေစမ်းကန် (Weishan) ငါးဟင်းလျာစုံစားပွဲများတွင် မြည်းစမ်းစားသုံးပြီး ရိုးရာငါးဟင်းလျာနှင့် ရေထွက်ကုန်စားဖွယ်ရာများကို သုံးဆောင်ခံစားနိုင်သည်။ ကိုယ်စိတ်နှစ်ပါးကျန်မာကောင်းမွန်စေသည့် ဒေသထွက် အစားအသောက်ကောင်းများကို ဆွေမျိုးမိတ်ဆွေတို့နှင့်အတူ မျှဝေခံစားနိုင်ပါသည်။


WeChat Image_20220720101441.jpg