၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ စွဲမက်ပျော်ဖွယ် ထျန်းကျင်းမြို့ဝယ် - ထျန်းကျင်းမြို့မှကြိုဆိုပါ၏

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-17 13:51:45


WeChat Image_20220720101318.jpg



ထျန်းကျင်းယဉ်ကျေးမှု(Tianjin)သည် မဟာတူးမြောင်းယဉ်ကျေးမှုနှင့် ပင်လယ်ရေကြောင်းယဉ်ကျေးမှုတို့ ပေါင်းစပ်ထားခြင်း ဖြစ်၍ လွတ်လပ်ပွင့်လင်းပြီး ကိုယ်ပိုင်ဟန်ဖြင့် သူမတူအောင် ထူးခြားသည်။ ထျန်းကျင်းမြို့သည် တရုတ်နိုင်ငံ၏ သမိုင်းဝင်ယဉ်ကျေးမှု အထင်ကရမြို့ဖြစ်သည့်အပြင် မြောက်ပိုင်းယဉ်ကျေးမှုအနုပညာ ထွန်းကားရာနေရာများအနက်မှ တစ်နေရာလည်းဖြစ်ပြီး ပြဇာတ်နှင့် တေးသီချင်းတို့၏ မွေးဌာနေ ဟူ၍ တင်စားခေါ်ဝေါ်ကြလေသည်။ ထျန်းကျင်းဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် ကြွယ်ဝစုံလင်ပြီး ယန်လျိုချင်း(Yangliuqing) သစ်သားပြားနှစ်သစ်ကူးမင်္ဂလာပန်းချီ၊ ဟာသပြက်လုံးပြဇာတ်၊ ဖျင်ကျွိအော်ပရာ (Pingju Opera) ၊ ထျန်းကျင်းတေးသွားသံစဉ် စသဖြင့် အမျိုးပေါင်း (၃၀)ကျော်မှာ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုကဏ္ဍစာရင်းတွင် ထည့်သွင်းရွေးချယ်ခံခဲ့ရပါသည်။ 



ထျန်းကျင်းမြို့သည် ကြွယ်ဝစုံလင်သော သဘာဝ ခရီးသွားအရင်းအမြစ်များနှင့် ယဉ်ကျေးမှုအရင်းအမြစ်များကို ပိုင်ဆိုင်ထားပြီး တရုတ်နှင့် အနောက်တိုင်း ပေါင်းစပ်ခြင်း၊ ရှေးခေတ်နှင့် ယနေ့ခေတ် ရောယှက်ခြင်းမူဟန်များရှိသော မြို့အသွင်အပြင်အဖြစ် ဖြစ်ပေါ်လာစေပါသည်။ ထျန်းကျင်းမြို့တွင် ခေတ်သစ်ယဉ်ကျေးမှုခရီးစဉ်၊ မြို့ပတ်ခရီးစဉ်၊ ပင်လယ်ရှုခင်းခရီးစဉ်၊ ပင်လယ်ကမ်းခြေအပန်းဖြေခရီးစဉ်၊ အထင်ကရတောတောင်ခရီးစဉ်နှင့် ခရီးသွားပြပွဲများ အစရှိသည့် ထူးခြားသော ခရီးသွားအမှတ်တံဆိပ်များကို ဖန်တီးလုပ်ဆောင်ထားပြီး မြို့ပြပုံရိပ်နှင့် ဂုဏ်သတင်းကို တစ်ဆင့်တိုး၍ မြှင့်တင်ဆောင်ရွက်ကာ တရုတ်နိုင်ငံမြောက်ပိုင်း၏ အကြီးဆုံးသော ပင်လယ်ဆိပ်ကမ်းမြို့ အလှတရားများကို ဖော်ထုတ်ပြသထားပါသည်။


WeChat Image_20220720101441.jpg