၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ ကျဲ့ကျန်းပြည်နယ်အပိုင်း၏ ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်း ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - ကျားရှင်းမြို့
နှစ်ပေါင်းထောင်ချီကြာ စီးဆင်းနေသော မဟာတူးမြောင်းကြီးသည် ကျဲ့ကျန်းပြည်နယ်(Zhejiang)တွင် ပေါင်းကူးတံတားများ၊ ရှေးဟောင်းလမ်းများ၊ အထင်ကရမြို့များ၊ ရိုးရာအော်ပရာတေးပြဇာတ်များ၊ လူမှုဓလေ့ထုံးတမ်းများနှင့် ဒဏ္ဍာရီပုံပြင်များ အစရှိသည့် ခမ်းနားလှသော သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ် အများအပြားကို ထင်ကျန်စေခဲ့ပါသည်။ မဟာတူးမြောင်းကြီးသည် ကျဲ့ကျန်းပြည်နယ်၏ မြို့(၅)မြို့ကို ဖြတ်သန်းစီးဆင်းပြီး တူးမြောင်းတစ်လျှောက်၌ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ အရင်းအမြစ်များနှင့် သမိုင်းဝင်အမွေအနှစ်များ ပေါကြွယ်ဝသည်။ ဤသို့ဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးတို့ ပါဝင်ပေါင်းစည်း သွယ်တန်းထားသော ရေလမ်းကြောင်းအသစ်တစ်ခုအဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပါသည်။
ကျားရှင်းမြို့(Jiaxing)သည် ကျဲ့ကျန်းပြည်နယ်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် ပင်လယ်ကြီးကို မျက်နှာမူလျက် တောင်ဘက်တွင် ချန်ထန်မြစ်(Qiantang)ကို အမှီသဟဲပြုကာ မြောက်ဘက်တွင် ထိုက်ဟူးကန်(Taihu) တည်ရှိ၍ အနောက်ဘက်တွင် ထျန်းမူတောင်(Tianmu)နှင့် ဆက်စပ်နေပြီး မဟာတူးမြောင်းကြီးသည် ကျားရှင်းမြို့ကို ဖြတ်သန်းသွားလာနေပါသည်။ ယင်းမြို့တွင် နှစ်ပေါင်း(၇၀၀၀)ရှည်လျားသော ယဉ်ကျေးမှုသမိုင်း၊ နှစ်ပေါင်း(၂၅၀၀)ကြာမြင့်သော စာပေမှတ်တမ်းသမိုင်းနှင့် မြို့တည်သမိုင်းသက်တမ်း နှစ်ပေါင်း(၁၇၀၀)ရှိသော သမိုင်းဝင်ယဉ်ကျေးမှု အထင်ကရမြို့တို့ တည်ရှိသည်။ သမိုင်းမတင်မီခေတ်ယဉ်ကျေးမှု၊ တူးမြောင်းယဉ်ကျေးမှု၊ ရှေးဟောင်းမြို့ယဉ်ကျေးမှုနှင့် တရုတ်နိုင်ငံ၏ အနီရောင်ယဉ်ကျေးမှုတို့ ဤနေရာတွင် ပေါင်းစုံစုစည်းပြီး ယန်စီမြစ်တောင်ပိုင်းဒေသ(Jiangnan)၏ အနှစ်သာရဆွဲဆောင်မှုနှင့် အသက်ဝိညာဉ်တို့အဖြစ် ဖြစ်ပေါ်လာပြီး နက်ရှိုင်းသောသမိုင်းကြောင်းတို့ကိုလည်း ထိတွေ့ခံစားနိုင်မည်ဖြစ်ပါသည်။
ကျားရှင်းမြို့တွင် ယန်စီမြစ်တောင်ပိုင်း ရေပေါ်မြို့ရွာ၏ သာယာလှပမှုနှင့် ငြိမ်သက်အေးချမ်းမှုတို့ကို ခံစားနိုင်ပါသည်။ မဟာတူးမြောင်းကြီးသည် ကျားရှင်းမြို့ကိုဖြတ်၍ ဝူးကျန့်မြို့(Wuzhen)နှင့် ရှီးထန်ရှေးဟောင်းမြို့(Xitang)တို့သည် ကြယ်နှစ်စင်းအလား လင်းလက်တောက်ပနေပြီး ကျီချန်းရှေးဟောင်းမြို့(Zicheng)အမွေအနှစ်ဥယျာဉ်တို့သည်လည်း သက်ဝင်လှုပ်ရှားစွာ ရှိနေပါသည်။ သာယာလှပ၍ ပွင့်လင်းမြင်သာမှုရှိပြီး အပြန်အလှန် နားလည်လက်ခံပေးသော ကျားရှင်းမြို့သည် ဤဆောင်းဦးရာသီတွင် အလှပဆုံးသော သင်တို့နှင့် ရင်းနှီးပျူငှာစွာ တွေ့ဆုံပွေ့ဖက်ရန် စောင့်မျှော်လျက်ရှိပါသည်။