၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “နှစ်ပေါင်းထောင်ချီကြာရှည် မဟာတူးမြောင်းခရီးစဉ်” ဆန်းတုန်းပြည်နယ် ဗီဒီယိုအတို တင်ဆက်မှုကဏ္ဍ - ရှေးရိုးရာအငွေ့အသက်များနှင့် လျောင်ချန်မြို့
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-11 15:35:19
လျောင်ချန်မြို့ (Liaocheng) သည် မဟာတူးမြောင်းဘေးတွင် တည်ရှိပြီး ရေကန်၊ မြစ်ချောင်းနှင့် မြို့များ တစ်သားတည်းအဖြစ် တစ်စုတစ်စည်း ပေါင်းစပ်ဖွဲ့စည်းလျက်ရှိပါသည်။ လျောင်ချန်မြို့သားများသည် ရေနှင့်အတူနေထိုင်ကြပြီး ရေနှင့်အတူရှင်သန်ကြကာ ခေတ်အဆက်ဆက် ရေနှင့်ရင်းနှီးနီးစပ်၍ ရေနှင့်ချစ်ခင်ကျွမ်းဝင်ကာ ရေနှင့်အတူပျော်မွေ့သော ကဗျာဆန်ဆန်ဘဝကို ခံစားပျော်ပါးကြသည်။
လျောင်ချန်မြို့သို့ လာရောက်ပြီး တူးမြောင်းတစ်လျှောက် လှေစီးရင်း လက်ဖက်ရည်မွှေးတစ်ခွက် မြည်းစမ်းသုံးဆောင်ကာ စိမ်းပြာပြာကျောက်များနှင့် ရှေးဟောင်းလမ်းကြားလေးများထဲ လည်ပတ်ကြည့်ရှုပါက ဤဒေသရှိ ရှေးရိုးရာအငွေ့အသက်နှင့် ယနေ့ခေတ်ပုံစံတို့၏ အချိန်နှင့်နေရာ အပြောင်းအလဲဖြစ်မှုများကို အမှန်တကယ် ရရှိခံစားစေမည်ဖြစ်သည်။