၂၀၂၂ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်မှတ်တမ်းရုပ်ရှင် - ဥခွံပုံထွင်းပညာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-10 12:28:52


WeChat Image_20220720101318.jpg



“ဆုန်းနန်(Songnan)ဥခွံပုံထွင်းပညာ” သည် ရှန်ဟိုင်းမြို့(Shanghai) အထူးသဖြင့် ပေါင်ဆန်းဒေသ(Baoshan)တွင် ရှည်ကြာသော လက်ဆင့်ကမ်းပညာအမွေဆက်ခံခြင်း ဖွံ့ဖြိုးတိုးတက်မှုသမိုင်းကြောင်း ရှိသည်။ ၎င်းလက်မှုပညာသည် ပန်းချီဆွဲခြင်းနှင့် ပန်းပုထွင်းခြင်းပညာတို့ကို ပေါင်းစည်းထားသည့် ရိုးရာအနုပညာရသဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု ဖြစ်သည်။ ပညာအမွေဆက်ခံသူသည် ကြက်ဥ၊ ငန်းဥ၊ ငှက်ကုလားအုတ်ပုဥ သို့မဟုတ် ငှက်ကုလားအုတ်ဥများကို အပေါက်ဖောက်၍ အခွံချည်းကျန်အောင် ဖောက်ထုတ်ပြီး ဥ၏ အပေါ်ယံမျက်နှာပြင်တွင် အနုစိတ်လှပသော ရုပ်ပုံများ ပုံဖော်ထွင်းဆွဲသည်။ ထိုပုံဖော်ထားသော ဥခွံလက်ရာများသည် ဒေသအသွင်အပြင်နှင့် ရိုးရာဓလေ့များကို ထင်ဟပ်ပေါ်လွင်စေပြီး လူအများ၏ နှစ်သက်မှုကို ရရှိထားပါသည်။


WeChat Image_20220720101441.jpg