၂၀၂၂ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ ကျဲ့ကျန်းပြည်နယ်အပိုင်း၏ ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်း ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - ချစ်လိပ်ပြာဝဲလည် ဟန်ကျိုးမြို့၌ဝယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-06 19:43:43


WeChat Image_20220720101318.jpg



နှစ်ပေါင်းထောင်ချီကြာ စီးဆင်းနေသော မဟာတူးမြောင်းကြီးသည် ကျဲ့ကျန်းပြည်နယ်(Zhejiang)တွင် ပေါင်းကူးတံတားများ၊ ရှေးဟောင်းလမ်းများ၊ အထင်ကရမြို့များ၊ ရိုးရာအော်ပရာတေးပြဇာတ်များ၊ လူမှုဓလေ့ထုံးတမ်းများနှင့် ဒဏ္ဍာရီပုံပြင်များ အစရှိသည့် ခမ်းနားလှသော သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ် အများအပြားကို ထင်ကျန်စေခဲ့ပါသည်။ မဟာတူးမြောင်းကြီးသည် ကျဲ့ကျန်းပြည်နယ်၏ မြို့(၅)မြို့ကို ဖြတ်သန်းစီးဆင်းပြီး တူးမြောင်းတစ်လျှောက်၌ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ အရင်းအမြစ်များနှင့် သမိုင်းဝင်အမွေအနှစ်များ ပေါကြွယ်ဝသည်။ ဤသို့ဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးတို့ ပါဝင်ပေါင်းစည်း သွယ်တန်းထားသော ရေလမ်းကြောင်းအသစ်တစ်ခုအဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပါသည်။


WeChat Image_20220805154828.jpg


“ချစ်လိပ်ပြာဝဲလည် ဟန်ကျိုးမြို့၌ဝယ်” ဗီဒီယိုတွင် စွဲမက်ဖွယ် ဟန်ကျိုး (Hangzhou) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို တင်ဆက်ဖော်ပြထားပါသည်။ လူသားမျိုးနွယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော တရုတ်ရိုးရာ တံဆိပ်တုံးထွင်းလုပ်ခြင်းပညာ၊ ကျဲ့ကျန်းတရုတ်ရိုးရာဗျပ်စောင်း အနုပညာနှင့် ပန့်ဆန်း (Banshan) ခါနွေပျိုးစရာသီချိန် (Li Xia) ရိုးရာဓလေ့ထုံးတမ်းများ၊ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော ဟူချင့်ယွီထန် (Huqingyutang) တရုတ်တိုင်းရင်းဆေးယဉ်ကျေးမှု၊ ရှောင်လဲ့ဟွန်းပြဇာတ်တေး (Xiaorehun) ၊ လျန်ကျူ့(Liangzhu)ဒဏ္ဍာရီပုံပြင် (ချစ်သူ့လိပ်ပြာ) ၊ ပန်းပုထွင်းပုံနှိပ်ပညာ၊ ဝမ်ရှင်းကျိ (Wang Xingji) ရိုးရာယပ်တောင်ပြုလုပ်ခြင်းအတတ်ပညာ၊ ကျန့်ရှင်းရှန် (Zhenxingxiang) တရုတ်ရိုးရာဝတ်စုံချုပ်လုပ်ခြင်းအတတ်ပညာ၊ ပိုးချည်ရက်လုပ်ခြင်းအတတ်ပညာ (ဟန်ကျိုးပိုးထည်ပုံဖော်ရက်လုပ်မှုပညာ) နှင့် လက်ဖက်စိမ်းလက်ဖက်ရည်ကြမ်း ဖျော်စပ်ခြင်းအတတ်ပညာ (ရှီးဟူလုံကျင်လက်ဖက်ခြောက် (Xihu Longjing)) ၊ ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော ကျုံးထိုက် (Zhongtai) ဝါးပလွေပြုလုပ်ခြင်းအတတ်ပညာ၊ ဖူ့ရန် (Fuyang) စက္ကူထီးပြုလုပ်ခြင်းအတတ်ပညာ၊ ချင်းခဲ (Qingke) ငှက်လှောင်အိမ်ပြုလုပ်ခြင်းအတတ်ပညာ၊ ထျန်းကျူ (Tianzhu) ဝါးတူပြုလုပ်ခြင်းအတတ်ပညာ၊ ဟန်ကျိုးဟင်းလျာ အချက်အပြုတ်ပညာ၊ ရုပ်လုံးကြွပုံတူကူးယူခြင်းအတတ်ပညာ (Composite Rubbing) နှင့် ဟန်ကျိုးပန်းထိုးပညာ စသဖြင့် ပြောင်မြောက်လှသော ဟန်ကျိုးဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ခမ်းနားစွာ တင်ဆက်ဖော်ပြထားပါသည်။