၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်မှတ်တမ်းရုပ်ရှင် - ဂျားမျိုးနွယ်၏ ရှန်ဟိုင်းစတိုင် ပန်းတုတ်ကပြဆော့ကစားခြင်း အတတ်ပညာ
“ဂျားမျိုးနွယ်၏ ပန်းတုတ်ကပြဆော့ကစားခြင်း အတတ်ပညာ” (Zha's Flower Stick Play) သည် ရှန်ဟိုင်းမြို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်ပြီး နည်းစနစ်တကျ ဆော့ကစားရသည့် ရိုးရာအားကစား ကဏ္ဍတစ်ရပ်လည်းဖြစ်သည်။ ပန်းတုတ်ဆော့ကစားသူသည် လက်တစ်ဖက်တစ်ချက်စီတွင် ကိုင်ဆောင်ထားသော အရှည်တစ်ပေခန့် (တရုတ်အတိုင်းအတာယူနစ် တစ်ပေ = ၃၃.၃၃ စင်တီမီတာ) ရှိသည့် တုတ်တံငယ်များဖြင့် ချူလုံးချည်ထားသော ပန်းတုတ်တံကို အလယ်တွင် ကြားညှပ်ရိုက်ခတ်ပြီး ၎င်းပန်းတုတ်တံကို ဘယ်ညာလှည့်ယမ်း၊ အထက်အောက် လှန်လှောပျံဝဲနေဟန် ကစားရပါသည်။ ထို့အပြင် ကြည်လင်ပြတ်သားသော သတ္တုချူသံများကလည်း ရံဖန်ရံခါ ထွက်ပေါ်လာတတ်ပါသည်။ ယင်းပန်းတုတ်ကပြဆော့ကစားခြင်း အတတ်ပညာသည် ကျွမ်းကျင်ပိုင်နိုင်မှုစွမ်းရည် မြင့်မားရုံသာမက အမြင်အာရုံ ဆွဲဆောင်မှုလည်း ရှိလှပါသည်။ ၁၉၂၀ ခုနှစ်တွင် “အရှေ့တိုင်းက လူသန်ကြီး” ဟူ၍ တင်စားသတ်မှတ်ခြင်းခံရသော ဂျားယွေ့လုံ (Zha Ruilong) မှ ယင်းအားကစားပညာရပ်ကို ရှန်ဟိုင်းမြို့သို့ သယ်ဆောင်လာခဲ့ပြီး ယနေ့ထက်ထိတိုင် လက်ဆင့်ကမ်းလျက်ရှိပါသည်။