၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ ကာလကြာညောင်း မဟာတူးမြောင်း၊ ပေါင်းဆုံစီးဆင်း ရေကြောင်းအစုအဝေး - ထျန်းကျင်းမြို့ ကျင့်ဟိုင်ဒေသအပိုင်း၏ ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-05 15:14:41


WeChat Image_20220720101318.jpg



ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်းသည် ကျင့်ဟိုင်ဒေသ(Jinghai) တစ်ခုလုံးကို ဖြတ်၍ ရွာပေါင်း (၁၁၀)ကျော်ကို ဖြတ်သန်းစီးဆင်းသည်။ ကျင့်ဟိုင်ဒေသအတွင်းရှိ တူးမြောင်း၏ အရှည်မှာ (၄၉)ကီလိုမီတာ ရှိသည်။ ကျိုရွှမ်းရေတံခါး(Jiuxuan)သည် ယခုလက်ရှိတွင် ထျန်းကျင်းမြို့(Tianjin)၏ အစောဆုံး တည်ဆောက်ထားသော ရေတံခါးဖြစ်ပြီး မဟာတူးမြောင်းကြီး၏ ထျန်းကျင်းမြို့သို့ စီးဝင်သည့် ပထမဆုံး ဂိတ်တံခါးလည်း ဖြစ်သည်။



ပြောင်းလဲဖြစ်ပေါ်နေသော ယဉ်ကျေးမှုများနှင့် သက်ဝင်လှုပ်ရှားနေသော ကျင့်ဟိုင်ဒေသသည် မြစ်ကမ်းနှစ်ဖက်၌ ကြွယ်ဝနက်ရှိုင်းသော ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှု အနှစ်သာရများကို ဖန်တီးပေးခဲ့ပြီး အနောက်ဟန်မင်းဆက်ခေတ် ရှေးဟောင်းမြို့၊ ဟန်မင်းဆက်ခေတ် မြေထည်အဆောက်အအုံပုံစံငယ်နှင့် စုန့်မင်းဆက်ခေတ် ရှေးဟောင်းလှေသင်္ဘောများကို သမိုင်းကာလတစ်လျှောက် ဖြစ်ပျက်ပြောင်းလဲမှုတို့၏ သက်သေအဖြစ် ချန်ရစ်ခဲ့ပါသည်။ ထို့အပြင် တူလျို(Duliu)ရှာလကာရည်၊ တာ့လျို့ဖန်းရွာ(Daliufen) တိုင်လုံးတက်ဆပ်ကပ်၊ ထျန်းကျင်းမုန်ညင်းချဉ်ခြောက်နှင့် ရှေမျိုးနွယ်(Shi) ရွှံ့စေးရုပ် အစရှိသည့် အမျိုးသားအဆင့်နှင့် မြို့အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစွာကို မွေးထုတ်ပေးခဲ့ပြီး မြစ်ကို အမှီပြု၍ စည်ပင်ဝပြောလာသော “လူရည်ချွန်ရွာ” ဟု တင်စားသတ်မှတ်ရသည့် ရှေးကျသော လွီကွမ်ထွန်ရွာ(Lüguantun)၏ ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်ကိုလည်း ဖော်ဆောင်ပေးခဲ့ပါသည်။



ကျင့်ဟိုင်ဒေသကို တရုတ်ရိုးရာအနုပညာဌာနေ၊ တရုတ်စာမင်စုတ်ချက်လက်ရေးလှဌာနေနှင့် တရုတ်ဂီတတူရိယာ ထုတ်လုပ်မှုလုပ်ငန်းများ အခြေစိုက်ရာမြေ ဟူ၍ သတ်မှတ်ခေါ်ဝေါ်ကြသည်။