၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “နှစ်ပေါင်းထောင်ချီကြာရှည် မဟာတူးမြောင်းခရီးစဉ်” ဆန်းတုန်းပြည်နယ် ဗီဒီယိုအတို တင်ဆက်မှုကဏ္ဍ - တယ်ကျိုးမြို့၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-04 14:29:40


WeChat Image_20220720101318.jpg



တယ်ကျိုးမြို့ (Dezhou) သည် မြစ်ဝါမြစ်ကို အခြေခံ၍ ပေါ်ပေါက်လာပြီး မဟာတူးမြောင်းကြောင့် စည်ပင်ဝပြောလာသည်။ တယ်ကျိုးမြို့သူမြို့သား မျိုးဆက်များသည် မိမိတို့၏ လက်နှစ်ဖက်နှင့် ဉာဏ်ပညာများကို အားကိုးအသုံးချကာ အနှစ်နှစ်အလလကြာ ဖြစ်တည်လာမှုများအကြား ပြောင်းလဲမှုကို လုပ်ဆောင်ကာ ဆန်းသစ်တီထွင်မှုများအကြား ရှင်သန်တိုးတက်လာစေခဲ့သည်။ ဤသို့ဖြင့် ယင်းရှေးဟောင်းနေရာလေးအား သက်ဝင်လှုပ်ရှားမှုနှင့် အားအင်သစ်များကို ဖြစ်ထွန်းပေါ်ပေါက်လာစေပါသည်။



ဘုရားပွဲ လည်ပတ်ခြင်း၊ ရိုးရာဓလေ့များ ခံစားလေ့လာခြင်း၊ စားကောင်းသောက်ဖွယ်ရာများ မြည်းစမ်းစားသုံးခြင်း၊ ဖျော်ဖြေတင်ဆက်မှုများ ကြည့်ရှုခြင်းတို့ဖြင့် ဤနေရာတွင် တယ်ကျိုးမြို့၏ တစ်မူထူးခြားသော အမှတ်တရများ ရှိနေပါသည်။ ခံစားမှုရသတိုင်းတွင် အချိန်ကာလများ ဖြတ်သန်းစီးဆင်းနေပြီး ဤဒေသသို့ ရောက်ရှိလာသူတိုင်းအား နှစ်သက်စွဲလမ်းစေပါသည်။



သာယာကြည်နူးဖွယ်ကောင်းသော တယ်ကျိုးမြို့သည် အချိန်တိုင်းနေရာတိုင်းတွင် စိတ်နှလုံးသားထဲရှိ လိုလားတောင့်တမှုများအားလုံးကို ပွင့်ဖူးရှင်သန်နေစေပါသည်။