ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” – စူးစမ်းဖွေရှာ တရုတ်ရိုးရာ၊ သက်သေထူစေ ယဉ်ကျေးမှုအမွေ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-04 11:22:37


WeChat Image_20220729164529.jpg


ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” ကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် China Media Group (CMG) တို့မှ အတူတကွ  ကြီးမှူးကျင်းပပြီး တရုတ်နိုင်ငံ၏ ပြောင်မြောက်လှသော မှတ်တမ်းရုပ်ရှင်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် မှတ်တမ်းရုပ်ရှင်များကို ပြည်ပမှ ပရိသတ်များအား တင်ဆက်ပြသရင်း အပြန်အလှန် နားလည်မှု တိုးပွားစေရန်၊ ပြည်သူများ အချင်းချင်း နှလုံးသားချင်း ပိုမိုနီးစပ်စေရန်နှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုနက်ရှိုင်းစေရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်ကို ဩဂုတ်လ (၄) ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စတင်ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုတစ်ပတ်တွင် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” ၌ ပြသမည့် ယဉ်ကျေးမှုအနုပညာကဏ္ဍမှ ပြောင်မြောက်သော မှတ်တမ်းရုပ်ရှင်များကို ဆက်လက်မိတ်ဆက်ပေးရင်း  တရုတ်ယဉ်ကျေးမှုများကို နားလည်သိရှိခံစားစေမည် ဖြစ်ပါသည်။


(Fujian Puppetry)


ချွမ်ကျိုး(Quanzhou)မြို့သည် “တရုတ်ကြိုးဆွဲရုပ်သေးပညာ” ပေါ်ပေါက်ရာ ဇာတိမြို့ ဖြစ်သည်။ နှစ်ပေါင်းရာချီတိုင်အောင် လက်ဆင့်ကမ်း အမွေဆက်ခံလာခဲ့ရာမှ ချွမ်ကျိုးကြိုးဆွဲရုပ်သေးပညာသည် ကျွမ်းကျင်ပိုင်နိုင်၍ စံချိန်စံညွှန်းပြည့်မီသော ရုပ်သေးကြိုးဆွဲပညာ၊ တစ်မူထူးခြားသော ရုပ်သေးခေါင်း ထုဆစ်ပြုလုပ်မှုပညာ၊ ရုပ်သေးပုံဖော်ပြုလုပ်မှုအနုပညာနှင့် လက်မှုပညာများအား ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့သည်။ ၎င်းသည် ပထမအသုတ် တရုတ်နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထဲမှ တစ်ခုဖြစ်သည်။


ဤမှတ်တမ်းရုပ်ရှင်သည် ချွမ်ကျိုးရုပ်သေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဟုန်စီကျန့် (Hong Shijian) ၊ လူငယ်ကြိုးဆွဲရုပ်သေးပညာရှင် ချိုင်စီးယာ (Cai Siya) နှင့် ကျင့်ကျန်း လက်သွင်းရုပ်သေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ယိုထျန်းရှန့် (You Tianxiang) တို့၏ အကြောင်းအရာများကို ရိုက်ကူးတင်ဆက်ထားပြီး သူတို့သည် တရုတ်ရိုးရာရုပ်သေးပြဇာတ်၏ အနုပညာညှို့ငင်အား၊ စင်မြင့်ထက် ဖျော်ဖြေတင်ဆက်မှုစွမ်းရည်နှင့် ရုပ်သေးပြဇာတ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်များကို မျှဝေခဲ့ကြသည်။ ချွမ်ကျိုးမြို့သို့ အတူတကွ သွားရောက်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ ဆွဲဆောင်အားများကို စူးစမ်းလေ့လာလိုက်ကြရအောင်။


WeChat Image_20220804094908.jpg


(Sanxingdui:Rediscovering a Lost Civilisation)


Sanxingdui ရှေးဟောင်းအမွေအနှစ်နေရာသည် လွန်ခဲ့သောနှစ်ပေါင်း ၄၈၀၀ မှ ၃၁၀၀ ပတ်ဝန်းကျင်အတွင်းရှိ ရှေးဟောင်းသျှူ(Shu)ယဉ်ကျေးမှုနေရာတစ်ခုဖြစ်သည်။ ထိုနေရာမှ တူးဖော်တွေ့ရှိသည့် ပစ္စည်းများအနက် ကြေးထည်ပစ္စည်းများသည် အမျိုးအစားစုံလင်များပြား၍ အရွယ်အစားကြီးမားပြီး ပုံသဏ္ဌာန်ဆန်းကြယ်ကာ ယဉ်ကျေးမှုအနက်အဓိပ္ပာယ် ပြည့်စုံကြွယ်ဝသဖြင့် အဖိုးတန်ရှားပါးလှသည်။ ၎င်းသည် ရှေးခေတ်သျှူဘိုးဘေးဘီဘင်များ၏ အနုပညာနှင့် နည်းပညာတို့၏ ထွန်းတောက်အောင်မြင်မှုများကို ထင်ဟပ်ဖော်ပြနေပြီး တရုတ်ယဉ်ကျေးမှု၏ စုံလင်ကွဲပြားမှုနှင့် ထူးကဲကြွယ်ဝမှုများကို လှစ်ဟပြသနေသည်။


ဤမှတ်တမ်းရုပ်ရှင်သည် Sanxingdui ရှေးဟောင်းအမွေအနှစ်နေရာ၏ ကြီးကျယ်ခမ်းနားသော ရှာဖွေတွေ့ရှိမှုများကို ပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာသည့်ပုံစံဖြင့် ပရိသတ်များအား တင်ဆက်ပြသပေးသွားမည်ဖြစ်ပြီး ကိုယ်ပိုင်အမြင်ဖြင့် အဆိုပါလက်ရာမြောက်လှသော နိုင်ငံ့ရတနာများကို ဘက်ပေါင်းစုံမှ တင်ဆက်ပြသပေးခြင်းဖြင့် ပရိသတ်များအား အံ့အားသင့်၍ နှစ်သက်သဘောကျမဆုံးဖြစ်စေသည့် တစ်ချိန်တည်းမှာပင် Sanxingdui ရှေးဟောင်းအမွေအနှစ်နေရာ၏ ကြီးကျယ်ခမ်းနားလှသည့် ရှေးဟောင်းသျှူယဉ်ကျေးမှုကို တွေ့မြင်ခံစားစေမည် ဖြစ်သည်။


WeChat Image_20220804094914.jpg


အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ Facebook စာမျက်နှာ “Chinese Culture Center Yangon” ၊ WeChat Official Account “cccyangon (仰光中国文化中心)” နှင့် တရုတ်-မြန်မာ နှစ်ဘာသာ ပါဝင်သော စင်တာ၏ Official Website (https://www.yangonchinaculture.org.mm/) သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။


WeChat Image_20220715151451.jpg