၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - ကျန့်ဆွေကျေးလက်တေးသံစဉ် “မြို့နှလုံးစည်းချက်သံနားဆင်”
ကျန့်ဆွေ(Jianshui)ကျေးလက်တေးသီချင်းသည် ကျန့်ဆွေကောင်တီရှိ လင်းအန်းမြို့ (Lin'an) ၊ တျန့်ဝေရွာ (Dianwei) ၊ ရှီးကျွမ်းမြို့ (Xizhuang) ၊ ချွီကျန်းမြို့ (Qujiang) နှင့် လီဟောက်ကျိုက်ရွာ (Lihaozhai) အစရှိသည့် မြို့ရွာဆယ်ခုရှိ ရီတိုင်းရင်းသား(Yi)နှင့် ဟန်လူမျိုး(Han)တို့ ပေါင်းစုအခြေချ နေထိုင်ရာဒေသများတွင် ပျံ့နှံ့ခဲ့ပါသည်။ ၎င်းတေးသီချင်းအမျိုးအစားသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်ပေါ်ဒေသယဉ်ကျေးမှု အငွေ့အသက်များ ပါရှိသော ကျေးလက်ရိုးရာ တေးဂီတတစ်မျိုး ဖြစ်သည်။
ကျန့်ဆွေကျေးလက်တေးသီချင်းသည် သမိုင်းကြောင်း ရှည်ကြာပြီး မင်မင်းဆက်ခေတ် အစောပိုင်းကာလလောက်တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ ယင်းတေးသီချင်းသည် ဟန်လူမျိုးတို့၏ ကျေးလက်တေးသီချင်းကို အခြေခံထားရာမှ နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်လာကာ ရီတိုင်းရင်းသားရိုးရာ တေးသွားကြီးလေးခု၊ ဆေးရွက်ကြီးဘူးအကတေး စာသားကာရန်များနှင့် တေးဂီတများ ပေါင်းစပ်ပါဝင်လာခဲ့ပြီး ဒေသဝိသေသလက္ခဏာများစွာ ပါဝင်သော ဂီတအနုပညာတစ်ရပ် ဖြစ်လာခဲ့ပါသည်။