၂၀၂၂ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - “နှစ်ပေါင်းထောင်ချီကြာရှည် မဟာတူးမြောင်းကြီးခရီးစဉ်” ဓာတ်ပုံပြပွဲ

ကီလိုမီတာပေါင်း (၁၇၉၀)ကျော် ရှည်လျားသော ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်းသည် ကမ္ဘာပေါ်တွင် အရှည်ဆုံးသော လူလုပ်တူးမြောင်းတစ်ခု ဖြစ်သည်။ ၎င်းသည် တရုတ်ရိုးရာယဉ်ကျေးမှု၏ အရေးပါလှသော အမှတ်သင်္ကေတတစ်ခု ဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်လည်း ဖြစ်သည်။
ဆန်းတုန်းပြည်နယ်(Shandong)အတွင်းတွင် ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်းသည် တယ်ကျိုးမြို့ (Dezhou) ၊ လျောင်ချိန်မြို့ (Liaocheng) ၊ ထိုက်အန်းမြို့ (Tai'an) ၊ ကျီနင်မြို့ (Jining) နှင့် ဇောင်ကျွမ်းမြို့ (Zaozhuang) အစရှိသည့် မြို့များကို ဖြတ်သန်းစီးဆင်းသွားပြီး အရှည်အားဖြင့် မဟာတူးမြောင်းကြီး တစ်ခုလုံး၏ သုံးပုံတစ်ပုံခန့်ရှိသည်။ တယ်ကျိုးမြို့အပိုင်း၏ တူးမြောင်းဖောက်လုပ်မှု သမိုင်းသက်တမ်းမှာ ကြာမြင့်ပြီဖြစ်၍ ရေလမ်းကြောင်းအသွင်အပြင်မှာ ရှေးမူရှေးဟန်ဖြစ်ပြီး သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသည်။ “ယန်စီမြစ်မြောက်ပိုင်းက ရေပေါ်မြို့၊ တူးမြောင်းကြီး၏ ရှေးဟောင်းမြို့” ဟု တင်စားကြသည့် လျောင်ချိန်မြို့သည် ဆန်းတုန်းပြည်နယ်၏ အနောက်ဘက်တွင် တည်ရှိပြီး တရုတ်နိုင်ငံ၏ သမိုင်းဝင်ယဉ်ကျေးမှု အထင်ကရမြို့ ဖြစ်သကဲ့သို့ လည်ပတ်ရန်ကောင်းမွန်သည့် ခရီးသွားမြို့လည်း ဖြစ်သည်။ ထိုက်အန်းမြို့ တုန်းဖျင်ကောင်တီ(Dongping)အပိုင်း၏ တူးမြောင်းသည် စုစုပေါင်း (၄၃)ကီလိုမီတာ ရှည်လျားပြီး ၎င်းတစ်လျှောက်တွင် ရေတံခါးနှင့် ရေကာတာများ၊ ကူးတို့ဆိပ်များ၊ အနီးတစ်ဝိုက်ပတ်ဝန်းကျင်ရှိ ယဉ်ကျေးမှုအမွေအနှစ်များ စုစုပေါင်း (၈၉)နေရာရှိသည်။ ကျီနင်မြို့အတွင်းတွင် တူးမြောင်းသည် (၂၃၀) ကီလိုမီတာအရှည် ဆန့်တန်းထားပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာပေါင်း (၁၁)နေရာ ရှိသည်။ မဟာတူးမြောင်းကြီးသမိုင်းဝင်ယဉ်ကျေးမှုနယ်မြေသည် ဆွဲဆောင်မှုအပြည့်ဖြင့် တင့်တယ်လှပနေဆဲပင်ဖြစ်ပြီး ရှေးခေတ်မြစ်ကြောင်းကြီးကြပ်ကွပ်ကဲရေးရုံးသည် ဤနေရာတွင် တည်ရှိခဲ့သည်။ ထိုင်အယ်ကျွမ်း(Tai'erzhuang)ဒေသရှိ တူးမြောင်းကို “သက်ဝင်လှုပ်ရှားနေသောတူးမြောင်း” ဟုလည်း ခေါ်ဝေါ်ကြပြီး မဟာတူးမြောင်းကြီးတွင် လာရောက်ပေါင်းဆုံစုစည်းသော တောင်မြောက်ယဉ်ကျေးမှုများနှင့် သဟဇာတဖြစ်စွာ ပေါင်းစည်းထားသော တရုတ်-အနောက်တိုင်းယဉ်ကျေးမှုများကို ပိုင်ဆိုင်ထားရှိသည့် ထိုင်အယ်ကျွမ်းရှေးဟောင်းမြို့ ရှိသည်။
“နှစ်ပေါင်းထောင်ချီကြာရှည် မဟာတူးမြောင်းကြီးခရီးစဉ်” ဓာတ်ပုံပြပွဲတွင် မဟာတူးမြောင်းကြီး၏ ဆန်းတုန်းတစ်ကြောရှိ သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်နေရာများနှင့် ရိုးရာဓလေ့များအား ကြည့်ရှုသူပရိသတ်များထံ တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။

Jining Nanyang Ancient Town Canal

Canal Memories of Jining

A New Look at the Canal in Jining

Canal Cruise

Fishing in the Canal

Taierzhuang Ancient Town

View of the Taierzhuang section of the Beijing-Hangzhou Grand Canal

View of the Moon River section of the Beijing-Hangzhou Grand Canal at Taierzhuang ancient Town

View of the Moon River section of the Beijing-Hangzhou Grand Canal at Taierzhuang ancient Town

View of the Moon River section of the Beijing-Hangzhou Grand Canal at Taierzhuang ancient Town

The Beijing-Hangzhou Grand Canal in Dongping,Tai'an

An important water conservancy hub along the Beijing-Hangzhou Grand Canal - Taian Daicun Dam

Shan-Shan Guildhall

Museum of Grand Canal of China

The Grand Canal Intangible Culture Expo Park in Taierzhuang Ancient Town

Taierzhuang Canal Wetland Scenic Area

A place to find your dreams - Taierzhuang Ancient Town, Zaozhuang

Taierzhuang Ancient Town in Zaozhuang

Canal of the ancient town of Taierzhuang

The New Canal in Taierzhuang,Zaozhuang

