မြန်မာနိုင်ငံ အင်အားပြင်းမြေငလျင် - တရုတ်ကယ်ဆယ်ရေးအဖွဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း မန္တလေးငလျင်တွင် နာရီ (၆၀)နီးပါး ပိတ်မိနေခဲ့သော အသက်ရှင်လျက်ရှိသူတစ်ဦးအား တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့
အရင်းအမြစ် - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထုတ်ပြန်ချိန် - 2025-03-31 17:42:11
ဒေသစံတော်ချိန် မတ်လ ၃၁ ရက်နေ့ ညသန်းခေါင်ယံ ၀၀:၄၀ နာရီတွင်၊ ၅ နာရီကျော်ကြာ အပြင်းအထန် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပြီးနောက် တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် မန္တလေးမြို့ရှိ Great Wall Hotel ၌ နာရီပေါင်း ၆၀ ခန့်ပိတ်မိနေသည့် အသက်ရှင်သူအမျိုးသမီး ၁ ဦးကို အောင်မြင်စွာကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ခံရသူ၏ အသက်လက္ခဏာများ ကောင်းမွန်လျက်ရှိပါသည်။
ဤသည်မှာ တရုတ်ကယ်ဆယ်ရေးအဖွဲ့ ဘေးအန္တရာယ်အပြင်းထန်ဆုံးကျရောက်ခဲ့သည့် မန္တလေးမြို့သို့ ရောက်ရှိပြီးနောက် ပထမဦးဆုံးကယ်တင်နိုင်ခဲ့သော အသက်ရှင်သူဖြစ်သည်။
ဒေသခံမြန်မာ့ကယ်ဆယ်ရေးအဖွဲ့များ၊ ရှန်းကျန့် (Shenzhen) စေတနာ့ဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့နှင့် ရုရှားကယ်ဆယ်ရေးအဖွဲ့တို့သည် အဆိုပါကယ်ဆယ်ရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။




Prev:မြန်မာနိုင်ငံ အင်အားပြင်းမြေငလျင် - တရုတ်ကယ်ဆယ်ရေးအဖွဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း အသက်ရှင်လျက်ရှိသူတစ်ဦးအား တရုတ်နိုင်ငံ၏ Yuelu Blue Sky Rescue ကယ်ဆယ်ရေးအဖွဲ့မှ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့
Next:မြန်မာနိုင်ငံ အင်အားပြင်းမြေငလျင် - တရုတ်ကယ်ဆယ်ရေးအဖွဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ (China International Search and Rescue Team - CISAR) နေပြည်တော်သို့ရောက်ရှိ
