မြန်မာနိုင်ငံ အင်အားပြင်းမြေငလျင် - တရုတ်ကယ်ဆယ်ရေးအဖွဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း အသက်ရှင်လျက်ရှိသူတစ်ဦးအား တရုတ်နိုင်ငံ၏ Yuelu Blue Sky Rescue ကယ်ဆယ်ရေးအဖွဲ့မှ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့

မတ်လ ၃၀ ရက်နေ့ ဒေသစံတော်ချိန် ၉း၃၀ အချိန်တွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် (Hunan) ယွဲ့လု Blue Sky Rescue အဖွဲ့က မန္တလေး ဗုဒ္ဓကျောင်းတိုက်တစ်ခုတွင် အသက်ကယ်ကိရိယာဖြင့် အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ အသက်ရှင်လက္ခဏာကိုတွေ့ရှိခဲ့သည်။ ထို့နောက် ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်းကာ ကယ်ဆယ်ရေး အစီအစဉ်ကို ဆွေးနွေးပြီး ဖြိုဖျက်ကယ်ဆယ်ရေးများ လုပ်ဆောင်၍ အသက်ရှင်ကျန်ရစ်သူကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်။ ၂၉ ရက်နေ့တွင် ယွဲ့လု Blue Sky Rescue အဖွဲ့မှ အဖွဲ့ဝင် (၅) ဦးပါ ပထမအသုတ်သည် စက်ပစ္စည်းများနှင့်အတူ ချန်ရှား (Changsha) မှထွက်ခွာပြီး မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသဖြစ်သည့် မန္တလေးသို့ အလျင်အမြန်ရောက်ရှိခဲ့သည်။ အဆိုပါကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၉)ဦးပါသော ဒုတိယအသုတ်သည် ၃၀ ရက်နေ့၌ မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
