မြန်မာနိုင်ငံ အင်အားပြင်းမြေငလျင် - တရုတ်ကယ်ဆယ်ရေးအဖွဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ (China International Search and Rescue Team - CISAR) နေပြည်တော်သို့ရောက်ရှိ

အရင်းအမြစ် - Chinese Embassy in Myanmarထုတ်ပြန်ချိန် - 2025-03-31 14:03:27


Image_20250331110025.jpg


ဒေသစံတော်ချိန် မတ်လ ၃၀ ရက် ည ၁၁ နာရီတွင် တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့ (CISAR) ၏ အဖွဲ့ဝင် ၁၁၈ ဦး သည် ကယ်ဆယ်ရေးခွေး ၆ ကောင်၊ ကယ်ဆယ်ရေးယာဉ် ၂ စီး၊ ကယ်ဆယ်ရေးပစ္စည်း ၆၃၄ မျိုးနှင့် ဆေးကုသရေးပစ္စည်းများသယ်ဆောင်၍ တရုတ်လေတပ်၏ Y-20 လေယာဉ် ၂ စီးဖြင့် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။


Image_20250331110027.jpg


တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ (CISAR) ကို ၂၀၀၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယခင်က အင်ဒိုနီးရှားဆူနာမီ၊ ပါကစ္စတန်နှင့် နီပေါငလျင် အပါအဝင် နိုင်ငံတကာဘေးအန္တရာယ် ၂၀ ကျော်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကုလသမဂ္ဂ Heavy Rescue Team ၏ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုရှိပါသည်။  ယခုမြန်မာနိုင်ငံသို့ ရောက်ရှိလာသော CISAR အဖွဲ့တွင် ငလျင်ကျွမ်းကျင်ပညာရှင်များ၊ အဆောက်အဦအင်ဂျင်နီယာများ၊ အသက်ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များနှင့် ခွေးဖြင့်ရှာဖွေသောအဖွဲ့များ ပါဝင်ကာ အသက်ရှာဖွေရေးစက်ပစ္စည်း (Life Detector)၊ အဆောက်အဦဖောက်ခွဲရေးကိရိယာများနှင့် မြေပြင်ဆေးရုံစနစ် (Field Hospital System) များသယ်ဆောင်လာပြီး ငလျင်ဘေးဒဏ်သင့်ဒေသ လားရာ ၂ နေရာတွင် ၇၂ နာရီဆက်တိုက် ခက်ခဲမှုမြင့်မားသော ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စွမ်းရှိပါသည်။


Image_20250331110029.jpg


လက်ရှိအချိန်အထိ တရုတ်အစိုးရသည် မြန်မာနိုင်ငံသို့ တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ (CISAR)၊ ယူနန်ပြည်နယ် ကယ်ဆယ်ရေးနှင့်ဆေးကုသရေးအဖွဲ့၊  ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ကယ်ဆယ်ရေးအဖွဲ့ စသည့် ကယ်ဆယ်ရေးအဖွဲ့ ၄ ဖွဲ့ စေလွှတ်ခဲ့ပြီး စုစုပေါင်း ၂၈၈ ဦး ပါဝင်ပါသည်။ ထို့အပြင် တရုတ်ကြက်ခြေနီအသင်းနှင့် တရုတ်နိုင်ငံ ဒေသအသီးသီးမှ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့ ၁၅ ဖွဲ့ကျော်တို့လည်း မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြသည်။