“တူးမြောင်းအစွမ်း ဇာတိသို့တမ်း” အပိုင်း (၄) - ဟန်ကျိုး (Hangzhou)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-03-05 18:10:27


ဗီဒီယိုကို ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



မဟာတူးမြောင်းကြီးသည် နှစ်ပေါင်းထောင်ချီသမိုင်းကို ဖြတ်သန်းခဲ့ပြီး နိုင်ငံ၏ တောင်ဘက်နှင့် မြောက်ဘက်ကို သွယ်ဆက်ထားပါသည်။ အမြင့်မြတ်ဆုံး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအနက်မှ တစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရေကြောင်းနှင့်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် ယဉ်ကျေးမှုဂုဏ်ရှိန်မြင့်မားရေးတို့အတွက် ခမ်းနားထည်ဝါသော ပုံရိပ်များကို ရေးဆွဲပေးခဲ့ပါသည်။



“တူးမြောင်းအစွမ်း ဇာတိသို့တမ်း”သည် အစားအစာမှ အစပြု၍ ဇာတ်ကောင်များ၏ ခရီးစဉ်လမ်းကြောင်းများမှတစ်ဆင့် မဟာတူးမြောင်းကြီးတစ်လျှောက်ရှိ ထိုင်အယ်ကျွမ်း (Tai'erzhuang) ၊ ဟွိုင်အန်း (Huai'an) ၊ ရန်ကျိုး (Yangzhou) နှင့် ဟန်ကျိုး (Hangzhou) စသည့် မြို့လေးမြို့၏ ယဉ်ကျေးမှုရိုးရာဓလေ့များ၊ ခရီးသွားအရင်းအမြစ်များနှင့် လူနေမှုဘဝပုံစံများကို ဖော်ပြထားပါသည်။



ဟန်ကျိုး (Hangzhou) သည် တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ၊ ပေကျင်း(Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်းကြီး၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး “ဆန်‌ရေစပါးတံငါလုပ်ငန်းများ၏ ဌာနေမြေ”နှင့် “ပိုးချည်မျှင်မြို့တော်” ဟူသော နာမည်ဂုဏ်ပုဒ်များရှိသည်။ တူးမြောင်းကြီးသည် ဤမြို့အတွက် အသက်ဝင်ရှင်သန်မှုစွမ်းအားနှင့် လက်ခံ‌ပေးနိုင်စွမ်းများကို ဆောင်ယူလာပေးပြီး အရပ်လေးမျက်နှာ ဒေသအသီးသီးမှ ရသာမွန်များကိုလည်း ဆောင်ယူလာပေးပါသည်။ ပူစပ်သော၊ ကြည်လင်လတ်ဆတ်သော၊ ချိုမြကောင်းမွန်သော၊ ပြည့်ဝလေးပင်သော အရသာအစုံအလင်ဖြင့် ဆန်းသစ်‌သည့် စားသောက်မှုပုံစံမျိုးစုံတို့သည် နေ့စဉ်ဘဝ၏ အတွေးအမြင်တွင် ပေါင်းစပ်လာပြီး ဤမြို့၏ နေရာတိုင်းဆီသို့ အရောက်ပို့ဆောင်ပေးနေပါသည်။