၂၀၂၂ ခုနှစ် “မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ” ကဏ္ဍတွဲလှုပ်ရှားမှုအစီအစဉ် - “ရေခဲဆီးနှင်းထန်ထန် ဟေးလုံကျန်းသွင်သဏ္ဌာန်” ဆောင်းရာသီခရီးသွားဓာတ်ပုံပြပွဲ
ဓာတ်ပုံများကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ Official Website နှင့် မီဒီယာပလက်ဖောင်းများတွင် ရေခဲဆီးနှင်းခေါင်းစဉ်အကြောင်းအရာ ရုပ်သံမှတ်တမ်းတင်ဆက်မှု၊ ဒေသအသီးသီး၏ အွန်လိုင်းခရီးသွားမိတ်ဆက်ရက်သတ္တပတ်၊ နာမည်ကျော်ခရီးသွားနေရာများကို ကြာမြင့်စွာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အစရှိသည့် အစီအစဉ်အကြောင်းအရာများကို တင်ဆက်ပြီး တရုတ်နိုင်ငံမြောက်ပိုင်း (၇) ပြည်နယ် (ဒေသ၊ မြို့)၏ ဆောင်းရာသီ အလှအပရှုခင်းများနှင့် အစားအစာများ၊ ဒေသအသွင်အပြင်နှင့် ဓလေ့စရိုက်များ၊ တရုတ်နိုင်ငံမြောက်ပိုင်း ဆောင်းရာသီ ရေခဲဆီးနှင်းခရီးသွားလာမှု၏ ညှို့ငင်အားများကို အသက်ဝင်စွာ တင်ဆက်သွားမည် ဖြစ်ပါသည်။
“ရေခဲဆီးနှင်းထန်ထန် ဟေးလုံကျန်းသွင်သဏ္ဌာန်” ဆောင်းရာသီခရီးသွားဓာတ်ပုံပြပွဲသည် လှပပြောင်မြောက်သော ဓာတ်ပုံလက်ရာများမှတစ်ဆင့် ဟေးလုံကျန်း(Heilongjiang)၏ အထင်ကရ ရေခဲဆီးနှင်းခရီးသွားနေရာများရှိ သဏ္ဌာန်စုံလင်တောက်ပသော ရေခဲဆီးနှင်းရှုခင်းများကို ရှုထောင့်များစွာမှ တင်ဆက်ထားပါသည်။ ဆောင်းဥတုတွင် အားလုံးအား ဟေးလုံကျန်း(Heilongjiang)သို့ ခေါ်ဆောင်လည်ပတ်ပြီး စိတ်ကူးယဉ်အိပ်မက်ဆန်ဆန် ရေခဲဆီးနှင်းဒဏ္ဍာရီကမ္ဘာထဲသို့ ရောက်ရှိသွားစေမည် ဖြစ်ပါသည်။