"သွားကြစို့၊ တရုတ်နိုင်ငံသို့" - ဆန်းကြယ်သော တရုတ်ဆေးဖက်ဝင်အပင်များ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-03-04 12:45:04


ဗီဒီယိုကို China Daily Website မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



WeChat Image_20220304092303.jpg


ဤဗီဒီယိုသည် ပိုးလမ်းမကို အဓိကအကြောင်းအရာအဖြစ် ထားရှိ၍ နိုင်ငံခြားသားအစီအစဉ်တင်ဆက်သူ Kevin Cook ၏ တရုတ်နိုင်ငံရောက် ယဉ်ကျေးမှုခရီးစဉ်ကို နားလည်ရလွယ်ကူသော နည်းလမ်းဖြင့် ပြောပြတင်ဆက်ထားသည်။ ဘေးလူတစ်ယောက်အမြင်ဖြင့် Kevin က သူ၏ ကိုယ်တွေ့အတွေ့အကြုံများမှတစ်ဆင့်  တရုတ်ရိုးရာယဉ်ကျေးမှု၏ လက်ဆင့်ကမ်းအမွေဆက်ခံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အပြင် ခေတ်သစ်ယဉ်ကျေးမှု၏ ဆန်းသစ်တီထွင်မှုရလဒ်နှင့် အသက်ဝင်မှုတို့ကို ထင်ရှားစွာ တင်ဆက်ပြသထားသည်။


WeChat Image_20220304092313.jpg


ရှေးတရုတ်ဒဏ္ဍာရီတွင် စိန်နုံ(Shennong) သည် အပင်များ၏ ဆေးဖက်ဝင်ဂုဏ်သတ္တိများကို နားလည်နိုင်ရန် ရာနှင့်ချီသော အပင်များကို မြည်းစမ်းခဲ့သည်။ ယခုအချိန်အထိ တရုတ်ဆေးဖက်ဝင်အပင်များသည် ဆန်းကြယ်မှုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး စနစ်တကျ  ဖွဲ့စည်းထားသော ပညာရပ်တစ်ခုအဖြစ် ရပ်တည်နေသည်။


WeChat Image_20220304092316.jpg


Kevin ၏ ယခုတစ်ခေါက်ခရီးစဉ်တွင် တရုတ်တိုင်းရင်းဆေးပညာသည် ဒဏ္ဍာရီဆန်ဆန် ဖြစ်တည်မှုမဟုတ်တော့ဘဲ တရုတ်တိုင်းရင်းဆေးများသည် အစားအစာ၊ ဆေးထုပ်များ၊ ဆိုးဆေးများ၊ အလှဆင်ပန်းချီများစသည့် အမျိုးမျိုးသော ပုံစံများဖြင့် ပေါ်ထွက်လာပြီး အရသာ၊ အရောင်အသွေးနှင့် ခံစားမှုအထိပင် သယ်ဆောင်လာပေးပါသည်။



WeChat Image_20220304092327.jpg