တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - တာ့လီဒေသရှိ အဲဟိုင်ရေကန်၏ ကောင်းမွန်သော ဂေဟပတ်ဝန်းကျင်
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
တာ့လီဒေသ(Dali)ရှိ အဲဟိုင်ရေကန်(Erhai)သည် တျန်းချီရေကန်(Dianchi)ပြီးနောက် ယူနန်ပြည်နယ်၏ ဒုတိယအကြီးဆုံးရေကန်ဖြစ်ကာ “ကုန်းပြင်မြင့်၏ ပုလဲရတနာ” ဟူ၍ပင် ဆိုစမှတ်ပြုကြသည်။ အဲဟိုင်ရေကန်(Erhai)၏ ဂေဟစင်္ကြံလမ်းတစ်လျှောက် ဖြည်းညှင်းစွာ လျှောက်လှမ်းရင်း ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူတို့၏ သဘာဝဆန်ဆန် အရောင်အသွေးများ၊ သာယာနာပျော်ဖွယ်ငှက်သံနှင့် ပွင့်ဖူးလန်းဆန်းနေသော ပန်းမန်တို့၏ သဘာဝကျေးလက်တောဆန်ဆန် စိတ်ဝင်စားဖွယ်ရာများ၊ “ပန်းချီကားချပ်ထဲ လူအများ ပျော်ရွှင်စွာ လည်ပတ်နေသည့်အလား” ကဗျာဆန်ဆန် ပန်းချီဆန်ဆန် ရှုခင်းအလှတရားများ စသဖြင့် သာယာကောင်းမွန်သောဘဝဆိုင်ရာ မြင်ကွင်းပန်းချီကားချပ်များစွာတို့သည် တစ်ချပ်ပြီးတစ်ချပ် တဖြည်းဖြည်းတစစ ဖြန့်ကျက်လှုပ်ရှားနေပါသည်။
မကြာခဏဆိုသလို ကခုန်မြူးတူးတတ်သည့် အဲဟိုင်ရေကန်(Erhai)၏ နှုတ်သီးနီစင်ရော်ငှက်လေးများသည် အဲဟိုင်ရေကန်(Erhai)အား အသက်ဝင်လာစေပါသည်။ ကန်ရေပြင်ပတ်လည် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ကြသော အမျိုးသားအမျိုးသမီး၊ သက်ကြီးရွယ်အို လူငယ်လူရွယ်များ၏ ခြေလှမ်းများသည် ခပ်ပေါ့ပေါ့ခပ်သွက်သွက်နှင့် ပျော်ရွှင်ရယ်မောသံများလည်း ပျံ့လွင့်၍လာနေပါသည်။ ဤနေရာတွင် လေကောင်းလေသန့်များ ရှူရှိုက်ပြီး သာယာလှပသော ရှုခင်းများကို ကြည့်ရှုရခြင်းသည် အလွန်ကြည်နူးဖွယ်ကောင်းလှသည့် ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။