၂၀၂၂ခုနှစ် “မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ” ကဏ္ဍတွဲလှုပ်ရှားမှုအစီအစဉ် - ရှင်းကျန်းဒေသ၏ သဘာဝအလှတရား ဓာတ်ပုံပြပွဲ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-03-02 11:27:12


WeChat Image_20220223092527.jpg


ဓာတ်ပုံများကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ Official Website နှင့် မီဒီယာပလက်ဖောင်းများတွင် ရေခဲဆီးနှင်းခေါင်းစဉ်အကြောင်းအရာ ရုပ်သံမှတ်တမ်းတင်ဆက်မှု၊ ဒေသအသီးသီး၏ အွန်လိုင်းခရီးသွားမိတ်ဆက်ရက်သတ္တပတ်၊ နာမည်ကျော်ခရီးသွားနေရာများကို ကြာမြင့်စွာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အစရှိသည့် အစီအစဉ်အကြောင်းအရာများကို တင်ဆက်ပြီး တရုတ်နိုင်ငံမြောက်ပိုင်း (၇) ပြည်နယ် (ဒေသ၊ မြို့)၏ ဆောင်းရာသီ အလှအပရှုခင်းများနှင့် အစားအစာများ၊ ဒေသအသွင်အပြင်နှင့် ဓလေ့စရိုက်များ၊ တရုတ်နိုင်ငံမြောက်ပိုင်း ဆောင်းရာသီ ရေခဲဆီးနှင်းခရီးသွားလာမှု၏ ညှို့ငင်အားများကို အသက်ဝင်စွာ တင်ဆက်သွားမည် ဖြစ်ပါသည်။ 



ရှင်းကျန်းဒေသသည် တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး ပေါများကြွယ်ဝသော သဘာဝအရင်းအမြစ်များသည် ဤနေရာကို တစ်နှစ်ပတ်လုံး သာယာလှပသောရှုခင်းများဖြင့် ပြည့်နှက်နေစေပါသည်။ အထူးသဖြင့် စိတ်ကူးယဉ်အိပ်မက်ဆန်သော ရေခဲဆီးနှင်းရာသီဥတု အချိန်ကာလတွင် ခရီးသွားဝါသနာရှင် အများအပြား သွားရောက်လိုသော ခရီးသွားနေရာလည်း ဖြစ်သည်။


WeChat Image_20220301170511.jpg


“ရှင်းကျန်းဒေသ၏ သဘာဝအလှတရား ဓာတ်ပုံပြပွဲ” သည် ဓာတ်ပုံလက်ရာများဖြင့် နှင်းတောင်အောက်ခြေမှ ကျယ်ပြောသော ဂိုဘီသဲကန္တာရအထိ၊ တိတ်ဆိတ်ငြိမ်သက်သော ကန်ရေပြင်မှ မြင့်မားမတ်စောက်သော တောင်တန်းများအထိ၊ ရှေးဟောင်းမြို့တော်၏ အကြွင်းအကျန်နေရာများမှ ကျယ်ပြန့်သော ဆီးနှင်းပြင်အထိ စသဖြင့် သဘာဝရှုခင်းအလှများနှင့် ယဉ်ကျေးမှုဓလေ့များကို တင်ဆက်ပြသထားပြီး တောင်တန်းအလှတရား၊ ရေပြင်အလှတရား၊ ပို၍ပင်သာသော လူတို့၏အလှတရားတို့ရှိသည့် ရှင်းကျန်းဒေသ၏ သာယာကောင်းမွန်သော မြင်ကွင်းများကို ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှ တင်ဆက်ပေးထားပါသည်။