“တူးမြောင်းအစွမ်း ဇာတိသို့တမ်း” အပိုင်း (၃) - ရန်ကျိုး (Yangzhou)
ဗီဒီယိုကို ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
မဟာတူးမြောင်းကြီးသည် နှစ်ပေါင်းထောင်ချီသမိုင်းကို ဖြတ်သန်းခဲ့ပြီး နိုင်ငံ၏ တောင်ဘက်နှင့် မြောက်ဘက်ကို သွယ်ဆက်ထားပါသည်။ အမြင့်မြတ်ဆုံး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအနက်မှ တစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရေကြောင်းနှင့်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် ယဉ်ကျေးမှုဂုဏ်ရှိန်မြင့်မားရေးတို့အတွက် ခမ်းနားထည်ဝါသော ပုံရိပ်များကို ရေးဆွဲပေးခဲ့ပါသည်။
“တူးမြောင်းအစွမ်း ဇာတိသို့တမ်း”သည် အစားအစာမှ အစပြု၍ ဇာတ်ကောင်များ၏ ခရီးစဉ်လမ်းကြောင်းများမှတစ်ဆင့် မဟာတူးမြောင်းကြီးတစ်လျှောက်ရှိ ထိုင်အယ်ကျွမ်း (Tai'erzhuang) ၊ ဟွိုင်အန်း (Huai'an) ၊ ရန်ကျိုး (Yangzhou) နှင့် ဟန်ကျိုး (Hangzhou) စသည့် မြို့လေးမြို့၏ ယဉ်ကျေးမှုရိုးရာဓလေ့များ၊ ခရီးသွားအရင်းအမြစ်များနှင့် လူနေမှုဘဝပုံစံများကို ဖော်ပြထားပါသည်။
ရန်ကျိုး(Yangzhou)သည် "ကမ္ဘာ့တူးမြောင်းမြို့တော်" ၊ “ကမ္ဘာ့အစားအစာမြို့တော်” ၊ “အရှေ့အာရှယဉ်ကျေးမှုမြို့တော်” စသည့် ဂုဏ်ပုဒ်များကို ပိုင်ဆိုင်ထားပါသည်။ ရန်ကျိုး(Yangzhou) အစားအသောက်များသည် များပြားစုံလင်လွန်းလှပြီး ရန်ကျိုးထမင်းကြော်၊ ဂဏန်းသားမှုန့်ဝက်သားလုံးပေါင်း၊ ရန်ကျိုးထပ်တစ်ရာမုန့်၊ ဖန်သားအသွင်ဝက်ခြေထောက်၊ ဆားရည်ပုစွန် အစရှိသည့် ရန်ကျိုးဟင်းလျာများသည် လက်ရာအနုစိတ်လှပ၍ အဆင့်အတန်းမြင့်မားလှပေသည်။ တူးမြောင်းသည် ရန်ကျိုး(Yangzhou)အတွက် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးယဉ်ကျေးမှုများကို သယ်ဆောင်ပေးပြီး မြို့နေလူမှုဘဝကို ကောင်းမွန်ပြည့်စုံအောင် စွမ်းဆောင်ပေးလျက် ရှိပါသည်။