တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - တာ့စီလန့်ဈေးဝယ်လျှောက်လမ်း၏ ရှေးခေတ်ပေကျင်း အငွေ့အသက်ခံစားချက်များ
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ပေကျင်းတာ့စီလန့် (Dàshílànr) ဈေးဝယ်လျှောက်လမ်းသည် တရုတ်နိုင်ငံ၏ အထင်ကရ သမိုင်းဝင်ယဉ်ကျေးမှု နေရာတစ်ခုဖြစ်သည်။ တာ့စီလန့် (Dàshílànr) ဈေးဝယ်လျှောက်လမ်းတွင် မူလလက်ဟောင်း နာမည်ကျော်အမှတ်တံဆိပ်ပစ္စည်းဆိုင်များ အလွန်များပြားပြီး သမိုင်းဝင်အသွင်အပြင်နှင့် ခရီးသွားလာရေးကို ပြီးပြည့်စုံကောင်းမွန်စွာ ပေါင်းစပ်ထားသည့် နေရာတစ်ခုဖြစ်သည်။
ရှေးဆန်ရိုးစင်းသော မီးခိုးပြာရောင်အုတ်ခင်းလမ်းပြင်၊ ရှေးရိုးရာအငွေ့အသက်များ အပြည့်နှင့် အဆောက်အဦများရှိ ဈေးအရောင်းဆိုင်၊ စည်ကားသိုက်မြိုက်သော ဇာတ်ရုံနှင့် လက်ဖက်ရည်ဆိုင်၊ အရောင်အသွေး စုံလင်တောက်ပသော လက်မှုထည်ပစ္စည်းများ၊ မွှေးကြိုင်သောရနံ့များ တလှိုင်လှိုင်ဝေ့ပျံ့နေသည့် ရိုးရာစားသောက်ဖွယ်ရာများ၊ တစ်ခုပြီးတစ်ခုသော ရင်းနှီးအကျွမ်းတဝင်ဖြစ်နေသည့် မူလလက်ဟောင်း နာမည်ကျော်အမှတ်တံဆိပ် ပစ္စည်းဆိုင်များ၏ ဆိုင်းဘုတ်များသည် သက်ဝင်လှုပ်ရှားပြီး အသွင်စုံလင် များပြားကြွယ်ဝသော ရှေးခေတ်ပေကျင်း အငွေ့အသက်ခံစားချက်များအဖြစ် ဖွဲ့စည်းဖြစ်ပေါ်စေပါသည်။