တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ကူမင်းမြို့မှ ပို့သလိုက်သော ဆုတောင်းမေတ္တာမွန်
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-01-22 16:52:06
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ယူနန်ပြည်နယ် ကူမင်းမြို့ (Kunming)သည် နွေဥတုတွင် ပြင်းထန်သောအပူရှိန် မရှိသကဲ့သို့ ဆောင်းဥတုတွင် လွန်ကဲသောအအေးဓာတ်လည်း မရှိသည့်အတွက် “နွေဦးမြို့တော်”ဟူသော နာမည်ဂုဏ်သတင်း ရှိပါသည်။ ရာသီဥတုအပူချိန် နွေးနွေးထွေးထွေးရှိခြင်းကြောင့် နှစ်စဉ်ဆောင်းရာသီ ရောက်လုဆဲဆဲအချိန်တွင် နှုတ်သီးနီစင်ရော်ငှက် အမြောက်အများ ကူမင်းမြို့သို့ ဆောင်းခိုရန် ပျံသန်းရောက်ရှိလာတတ်ကြသည်။
သာယာလှပသော တျန်းချီ (Dianchi) ခေါ် ကူမင်းကန်ရေပြင်တွင် စင်ရော်ငှက်များသည် ကောင်းကင်ယံ၌ ပျံဝဲနေကြပြီး ခရီးသွားဧည့်သည့်များက လက်ထဲရှိအစားအစာများကို စင်ရော်ငှက်အား မကြာမကြာ အစာကျွေးသည့် မြင်ကွင်းမှာ ကူမင်းမြို့၏ တစ်မူထူးခြားသော ရှုခင်းအသွင်တစ်ခု ဖြစ်လာပါသည်။