၂၀၂၂ ခုနှစ် “မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ” ကဏ္ဍတွဲလှုပ်ရှားမှုအစီအစဉ် - ရွှင်ရွှင်ပျော်ဖွယ် ရေခဲဆီးနှင်းရာသီဝယ်၊ တောက်တောက်ပပ အတွင်းမွန်ဂိုးလီးယားအလှ
ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ယခုတလော၌ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ Official Website နှင့် မီဒီယာပလက်ဖောင်းများတွင် ရေခဲဆီးနှင်းခေါင်းစဉ်အကြောင်းအရာ ရုပ်သံမှတ်တမ်းတင်ဆက်မှု၊ ဒေသအသီးသီး၏ အွန်လိုင်းခရီးသွားမိတ်ဆက်ရက်သတ္တပတ်၊ နာမည်ကျော်ခရီးသွားနေရာများကို ကြာမြင့်စွာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အစရှိသည့် အစီအစဉ်အကြောင်းအရာများကို တင်ဆက်ပြီး တရုတ်နိုင်ငံမြောက်ပိုင်း (၇) ပြည်နယ် (ဒေသ၊ မြို့)၏ ဆောင်းရာသီ အလှအပရှုခင်းများနှင့် အစားအစာများ၊ ဒေသအသွင်အပြင်နှင့် ဓလေ့စရိုက်များ၊ တရုတ်နိုင်ငံမြောက်ပိုင်း ဆောင်းရာသီ ရေခဲဆီးနှင်းခရီးသွားလာမှု၏ ညှို့ငင်အားများကို အသက်ဝင်စွာ တင်ဆက်သွားမည် ဖြစ်ပါသည်။
အတွင်းမွန်ဂိုးလီးယားသည် ပထဝီဝင်အားသာချက်များရှိသော ရေခဲဆီးနှင်းခရီးသွား အရင်းအမြစ်များကို ပိုင်ဆိုင်ထားပါသည်။ ရေခဲဆီးနှင်းသည် မြက်ခင်းလွင်ပြင်၊ တော၊ သဲကန္တာရ၊ မြစ်ချောင်းအင်းအိုင်၊ ရေပူစမ်း၊ မီးတောင်အကြွင်းအကျန်များ အစရှိသည့် ဘူမိဗေဒ အံ့ဖွယ်ရာများနှင့် အပြန်အလှန် တွဲဖက်ဆက်နွယ်နေပြီး သဘာဝအရင်းအမြစ်များသည် ရိုးရာယဉ်ကျေးမှုများ၊ ဒေသဓလေ့များ၊ သမိုင်းဝင် အကြွင်းအကျန်များ စသည့် လူမှုယဉ်ကျေးမှုအရင်းအမြစ်များနှင့် ရောယှက်ပေါင်းစပ်ထားခြင်းများကြောင့် ထည်ဝါခမ်းနားသော ရေခဲဆီးနှင်းရှုမြင်ကွင်းများနှင့် ဖျတ်လတ်သစ်လွင်သော ရေခဲဆီးနှင်းယဉ်ကျေးမှုများကို ဖြစ်တည်လာစေခဲ့ပါသည်။
ဆောင်းရာသီ၏ မြက်ခင်းပြင်ပေါ်တွင် ရေခဲဆီးနှင်း နာ့သာမုပွဲတော် (Nadam Fair) ကို ကျင်းပမည် ဖြစ်သည်။ ကုလားအုတ်စီးခြင်း၊ မြားပစ်ခြင်း၊ မြင်းစီးပြိုင်ခြင်း……အစရှိသဖြင့် ဆောင်းရာသီတွင် မီးတောက်ကဲ့သို့ စိတ်အားပြင်းပြမှုများလည်း ရှိနေပါသည်။ ခရီးသွားဧည့်သည်များသည် မြောက်ပိုင်း လူနည်းစုတိုင်းရင်းသားများ၏ လွတ်လပ်မှုနှင့် အပျော်များကို တစ်ဝကြီး ခံစားနိုင်မည် ဖြစ်ပါသည်။