"တူးမြောင်းအစွမ်း ဇာတိသို့တမ်း" အပိုင်း (၂) - ဟွိုင်အန်း (Huai' an)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-01-20 17:17:46


ဗီဒီယိုကို ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



မဟာတူးမြောင်းကြီးသည် နှစ်ပေါင်းထောင်ချီသမိုင်းကို ဖြတ်သန်းခဲ့ပြီး နိုင်ငံ၏ တောင်ဘက်နှင့် မြောက်ဘက်ကို သွယ်ဆက်ထားပါသည်။ အမြင့်မြတ်ဆုံး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအနက်မှ တစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရေကြောင်းနှင့်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် ယဉ်ကျေးမှုဂုဏ်ရှိန်မြင့်မားရေးတို့အတွက် ခမ်းနားထည်ဝါသော ပုံရိပ်များကို ရေးဆွဲပေးခဲ့ပါသည်။



“တူးမြောင်းအစွမ်း ဇာတိသို့တမ်း”သည် အစားအစာမှ အစပြု၍ ဇာတ်ကောင်များ၏ ခရီးစဉ်လမ်းကြောင်းများမှတစ်ဆင့် မဟာတူးမြောင်းကြီးတစ်လျှောက်ရှိ ထိုင်အယ်ကျွမ်း (Tai'erzhuang) ၊ ဟွိုင်အန်း (Huai'an) ၊ ရန်ကျိုး (Yangzhou) နှင့် ဟန်ကျိုး (Hangzhou) စသည့် မြို့လေးမြို့၏ ယဉ်ကျေးမှုရိုးရာဓလေ့များ၊ ခရီးသွားအရင်းအမြစ်များနှင့် လူနေမှုဘဝပုံစံများကို ဖော်ပြထားပါသည်။



ဟွိုင်အန်း(Huai'an)သည် ရှေးဟောင်း ဟွိုင်(Huai)မြစ်နှင့် ပေကျင်း(Beijing) - ဟန်ကျိုး(Hangzhou) မဟာတူးမြောင်းကြီးတို့ ဆုံရာတွင် တည်ရှိပြီး နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ရေပေါ်ရှေးဟောင်းမြို့တစ်မြို့ ဖြစ်သည်။ ဤနေရာသည် ယခင်က မင်းနေပြည်တော်မြို့သို့ စားနပ်ရိက္ခာများတင်ပို့သည့် ရေလမ်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်း၏ ဗဟိုချက်နှင့် ဆားသယ်ယူပို့ဆောင်ရေး အချက်အချာနေရာ ဖြစ်ခဲ့ဖူးပြီး “တရုတ်နိုင်ငံ၏ မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးမြို့တော်” ဟူ၍ တင်စားသတ်မှတ်ခဲ့ကြသည်။ ဤနေရာသည် ကျက်သရေရှိ၍ အေးချမ်းပြီး တစ်မူထူးခြားသော အငွေ့အသက်များ ပြည့်နှက်လျက်ရှိသည်။ ဟွိုင်ရန်(Huaiyang)ဟင်းလျာ၏ အဓိက ပင်မမြေဖြစ်ပြီး အရသာခံစားမှုကမ္ဘာတွင် အရောင်အသွေး စုံစုံလင်လင်ဖြင့် တောက်ပနေပါတော့သည်။