တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ဆောင်းနေ့ရက်များ၏ ပထမဆုံးသော တိဗက်လက်ဖက်ရည်တစ်ခွက်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-01-18 18:42:27


ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



လက်ဖက်ရည်သည် တိဗက်လူမျိုးများ၏ နေ့ရောညပါ အဖော်ပြုထားရှိသော အဖျော်ယမကာဖြစ်ပြီး ဧည့်သည်များကို တည်ခင်း‌ဧည့်ခံသော ထိပ်တန်းအစားအသောက်လည်း ဖြစ်ပါသည်။ မြက်ခင်းလွင်ပြင်ထဲ၌ ခင်မင်ရင်းနှီးသည့် မိတ်ဆွေအပေါင်းအသင်းများဖြစ်စေ၊ ဧည့်မိတ်ဆွေသစ်များပင်ဖြစ်စေ တိဗက်လူမျိုးများ၏ တဲအတွင်းသို့ ဝင်လိုက်သည်နှင့်ပင် လက်ဖက်ရည်ပူပူလေး တစ်ခွက်က သင့်ရှေ့သို့ ရောက်ရှိလာမည်ဖြစ်ပြီး ရင်ထဲတွင် မိမိအိမ်ကဲ့သို့ပင် နွေးထွေးပျူငှာသော ခံစားချက်မျိုးကို ပေးစွမ်းခံစားရစေပါသည်။



အထူးသဖြင့် ချမ်းအေးလှသည့် ဆောင်းဥတုတွင် လက်ဖက်ရည် ပူပူနွေးနွေးလေး တစ်ငုံကို သောက်လိုက်ရလျှင် ခန္ဓာကိုယ်‌အနွေးဓာတ် ရရှိသကဲ့သို့ နှလုံးသားကိုလည်း နွေးထွေးစေပါသည်။ လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံခြင်း ရိုးရာဓလေ့သည် တိဗက်လူမျိုးများ၏ လှိုက်လှဲပျူငှာမှု၊ ဖြူစင်ရိုးသားမှု၊ ရင်းနှီးဖော်ရွေမှုနှင့် ဧည့်ဝတ်ကျေမှု ဓလေ့များကို ထင်ဟပ်ဖော်ပြ‌နေပါသည်။