၂၀၂၂ ခုနှစ် “မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ” ကဏ္ဍတွဲလှုပ်ရှားမှုအစီအစဉ် - ဆီးနှင်းမြင်ကွင်းအလှတရား ရှင်းကျန်းတွင်တည်ထား
ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ယခုတလော၌ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ Official Website နှင့် မီဒီယာပလက်ဖောင်းများတွင် ရေခဲဆီးနှင်းခေါင်းစဉ်အကြောင်းအရာ ရုပ်သံမှတ်တမ်းတင်ဆက်မှု၊ ဒေသအသီးသီး၏ အွန်လိုင်းခရီးသွားမိတ်ဆက်ရက်သတ္တပတ်၊ နာမည်ကျော်ခရီးသွားနေရာများကို ကြာမြင့်စွာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အစရှိသည့် အစီအစဉ်အကြောင်းအရာများကို တင်ဆက်ပြီး တရုတ်နိုင်ငံမြောက်ပိုင်း (၇) ပြည်နယ် (ဒေသ၊ မြို့)၏ ဆောင်းရာသီ အလှအပရှုခင်းများနှင့် အစားအစာများ၊ ဒေသအသွင်အပြင်နှင့် ဓလေ့စရိုက်များ၊ တရုတ်နိုင်ငံမြောက်ပိုင်း ဆောင်းရာသီ ရေခဲဆီးနှင်းခရီးသွားလာမှု၏ ညှို့ငင်အားများကို အသက်ဝင်စွာ တင်ဆက်သွားမည် ဖြစ်ပါသည်။
ရှင်းကျန်း(Xinjiang)သည် မြေနေရာကျယ်ဝန်းပြီး ရှုမျှော်ခင်းများ မျှော်မဆုံးအောင် များပြားလှသည်။ ရှင်းကျန်း၏ ဆောင်းရာသီအလှသည် ပြောင်းလဲဖြစ်ပေါ်မှု သိသာထင်ရှားခြင်း၊ ကြီးကျယ်ခမ်းနားခြင်း၊ ကျယ်ပြန့်ထည်ဝါခြင်းနှင့် တိတ်ဆိတ်ငြိမ်သက်ခြင်းတို့ကြောင့် လှပနေခြင်း ဖြစ်သည်။ သဲကန္တာရပေါ်ပလာပင်များ၊ ကုန်းပြင်မြင့်ရှုခင်းများ၊ ကွဲပြားသော ဒေသရိုးရာဓလေ့များ စသဖြင့် ဆီးနှင်းဒေသတွင်သာ သီးသန့်တည်ရှိသည့် ဆိတ်ငြိမ်အေးချမ်းမှုအလှသည် တွေ့မြင်သူများအား စီးဝင်ခံစားမိစေပါသည်။