"တူးမြောင်းအစွမ်း ဇာတိသို့တမ်း" အပိုင်း ၁ - ထိုင်အယ်ကျွမ်း (Tai'erzhuang)
ဗီဒီယိုကို ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
မဟာတူးမြောင်းကြီးသည် နှစ်ပေါင်းထောင်ချီသမိုင်းကို ဖြတ်သန်းခဲ့ပြီး နိုင်ငံ၏ တောင်ဘက်နှင့် မြောက်ဘက်ကို သွယ်ဆက်ထားပါသည်။ အမြင့်မြတ်ဆုံး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအနက်မှ တစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရေကြောင်းနှင့်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် ယဉ်ကျေးမှုဂုဏ်ရှိန်မြင့်မားရေးတို့အတွက် ခမ်းနားထည်ဝါသော ပုံရိပ်များကို ရေးဆွဲပေးခဲ့ပါသည်။
“တူးမြောင်းအစွမ်း ဇာတိသို့တမ်း”သည် အစားအစာမှ အစပြု၍ ဇာတ်ကောင်များ၏ ခရီးစဉ်လမ်းကြောင်းများမှတစ်ဆင့် မဟာတူးမြောင်းကြီးတစ်လျှောက်ရှိ ထိုင်အယ်ကျွမ်း (Tai'erzhuang) ၊ ဟွိုင်အန်း (Huai'an) ၊ ရန်ကျိုး (Yangzhou) နှင့် ဟန်ကျိုး (Hangzhou) စသည့် မြို့လေးမြို့၏ ယဉ်ကျေးမှုရိုးရာဓလေ့များ၊ ခရီးသွားအရင်းအမြစ်များနှင့် လူနေမှုဘဝပုံစံများကို ဖော်ပြထားပါသည်။
မြောက်ပိုင်းရှေးဟောင်းမြို့ ထိုင်အယ်ကျွမ်း(Tai'erzhuang)သည် တူးမြောင်းကြောင့် ပေါ်ပေါက်လာခဲ့ပြီး ရေနှင့်မီး ပေါင်းစပ်မှုဖြင့် မြောက်ပိုင်း၏ အထင်ကရ အစားအစာဖြစ်သော ဆန်းတုန်း(Shandong)ဟင်းလျာအား ဖန်တီးမွေးထုတ်ပေးခဲ့သည်။ များပြားစုံလင်သော ရိုးရာယဉ်ကျေးမှုဓလေ့သည် ဤရှေးဟောင်းမြို့၏ ထူးခြားချက်ဖြစ်ပြီး ရှင်သန်စီးဆင်းနေသော မြစ်ကြောင်းကွန်ရက်စနစ်သည် တူးမြောင်းဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အဖော်ပြု၍ ကမ်းရိုးတန်းတစ်လျှောက်ရှိ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဘဝမျှော်မှန်းချက်များကို ယူဆောင်လာပေးပါသည်။